ကာကက်ဇ်ရဲ့ အပြောင်းအရွှေ့ ရှေ့တိုးလာနိုင်ခြင်း၊ ဒီယက်ဇ်အတွက် ယူရို ၈၅ သန်း၊ ဘာ့ဆဲတစ် ဒဏ်ရာခွဲစိတ်ထားရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘုန်းမောက်အသင်းဟာ ဘယ်အစွန်လူသစ် ရသွားခဲ့ပြီဖြစ်တာကြောင့် မီလိုစ့် ကာကက်ဇ်ကို မကြာခင်မှာပဲ လီဗာပူးအသင်းထံ ပြောင်းခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ လေဗာကူဆင်တို့ဟာ ဗစ်ရဲ့ အပြောင်းအရွှေ့အတွက် အတော်လေး တိုးတက်တဲ့ အခြေအနေကို ရောက်နေပြီဖြစ်ကာ ကစားသမားဟာ အနည်းဆုံး ၂၀၃၀ ဝန်းကျင်အထိ အသင်းမှာရှိမယ့် ကာလရှည်စာချုပ်မျိုး ချုပ်ဆိုပါမယ်။

ဆော်ဒီကလပ် အယ်နာဆာ အသင်းဟာ လူးဝစ် ဒီယက်ဇ်ကို ယူရို ၈၅ သန်းအထက်ဖြင့် ချိ်တ်ဆက်ဖွယ် ရှိနေပေမယ့် သူတို့ရဲ့ အဝယ်စာရင်းမှာ ထိပ်ဆုံး ဦးစားပေး ဖြစ်နေလား မသေချာပါဘူး။

တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ဆော်ဒီကလပ် AlHilal အသင်းထံက ချိတ်ဆက်မှုကို ပယ်ချလိုက်ပြီး လီဗာပူးကနေ ထွက်ခွာရင်တောင် ဥရောပမှာပဲ ဘောလုံးဆက်ကစားလိုတယ်လို့ အပြောင်းအရွှေ့ သတင်းထောက်အချို့က ဖော်ပြပါတယ်။

မာဆေးဆိုဒ် သတင်းထောက်တွေကတော့ ဒီနွေမှာ လီဗာပူးကနေ ဒါဝင် ထွက်ခွာနိုင်ချေက ၉၀% ထိရှိတယ်လို့ ဆိုပါတယ်။

ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်မှု ခံယူထားတာကြောင့် အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်နိုင်မယ် အာမခံချက် မရှိပါဘူး။

ဂိုးသမား ဂျာရိုစ့်က အေဂျက်အသင်းထံ အငှားထွက်ဖွယ်ရှိနေတာကြောင့် ဟန်ဂေရီ ဂိုးသမားသစ်လေး Armin Pecsi ဟာ အသင်းရဲ့ တတိယဦးစားပေး ဂိုးသမား ဖြစ်လာဖွယ် ရှိနေပါတယ်။

လာမယ့်ရာသီ လီဗာပူးအသင်းအတွက် စိန်ခေါ်မှုကတော့ ညာအစွန်လူ ဘရတ်ဒလေရဲ့ ကြံ့ခိုင်မှုပဲဖြစ်ပြီး ၎င်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် ပြိုင်ပွဲစုံ ၁၉ ပွဲထိ လွဲချော်ခဲ့ပါတယ်။