ဂက်ပို သွင်းဂိုး မပေးခြင်းကို ရှင်းပြဖို့ တရားဝင် တောင်းဆို၊ အယ်လစ္စတာကို မန်စီးတီး သဘောကျနေခြင်း၊ ကလော့ပ် အလိုရှိတဲ့ ကစားသမားနဲ့ လီဗာပူး သတင်းများ

နယူးကာဆယ်ဟာ လက်စတာကို ၀-၀ သရေကျတာကြောင့် လက်ကျန်ပွဲ မတိုင်ခင်မှာဘဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပါပြီ။ ၎င်းတို့ဟာ လက်တလောမှာ အဆင့် ၅ နေရာက လီဗာပူးကို ၄ မှတ် ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။

ချယ်ဆီးဘက်က မေဆန်မောင့်ကို ဆက်ထိန်းထားဖို့ ရည်ရွယ်နေသလို အာဆင်နယ်ကလည်း အင်္ဂလန်သားကို ခေါ်ယူရေးမှာ လီဗာပူးအသင်းနဲ့ ပြိုင်ဆိုင်ဖို့ အဆင်သင့် ရှိနေပါတယ်။

ဘယ်လင်ဟမ်ကို ခေါ်ယူရေး နောက်ဆုတ်ခဲ့တဲ့ မန်စီးတီးဟာ အခြားသော ပစ်မှတ်တွေကို ဦးတည်တော့မှာပါ။ လက်တလောမှာ အယ်လစ္စတာကို ခေါ်ယူရေး မန်စီးတီးအသင်းက ပါဝင်နေခြင်း မရှိသေးလို့ လီဗာပူးအသင်းက လွတ်လွတ်ကျွတ်ကျွတ် ညိနှိုင်းခွင့် ရနေတာ ဖြစ်ပါတယ်။

ရော်ဘီ ဆားဗေ့ချ်က လာမယ့်ရာသီ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ့် ပရီးမီးယားလိဂ် ကလပ်တွေအဖြစ် လီဗာပူး၊ မန်ယူနိုက်တက်နဲ့ ချယ်ဆီး ၃ သင်း ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

လီဗာပူးက စိတ်ဝင်စားပေမယ့် အာဆင်နယ်နဲ့ ဘိုင်ယန်တို့ ပိုမို ရေပန်းစားနေတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဝန်းကျင် တောင်းဆိုမယ်လို့ ဂျာမာန်သတင်းထောက် Florian Plettenberg က ဖော်ပြလာပါတယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိခိုက်စေခဲ့တဲ့ အက်စတွန်ဗီလာပွဲအတွင်း ဂက်ပိုရဲ့ သွင်းဂိုးကို ဘာကြောင့် ခွင့်မပြုသလဲ ရှင်းပြပေးဖို့ လီဗာပူးက ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ကို တရားဝင် စာရေးသား တောင်းဆိုလိုက်ပါပြီ။

လီဗာပူးအသင်းဟာ စပို့တင်း ကွင်းလယ်လူ အူဂါတီကို ခေါ်ယူရေးကနေ နောက်ဆုတ်ထားပါတယ်။ ဒါ့အပြင် ပဲလေစ့် ခံစစ်မှူး ဂူဟီကို သဘောကျပေမယ့် ဒီနွေမှာ ခံစစ်သမားအတွက် ပေါင် သန်း ၅၀ မသုံးနိုင်သေးဘဲ ကွင်းလယ်ကို ဦးစားပေးမှာပါ။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် ဦးဆောင်ပြီး အသင်းသားတွေဟာ ဖာမင်နို မိသားစုအတွက် သီးသန့် ဂုဏ်ပြုမှုမှာ ဘရာဇီးသားရဲ့ နာမည်ကျော် “Si Señor” သီချင်းကို အတူသီဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ယာဂင်ကလော့ပ်ဟာ ဗဟိုခံစစ်နေရာကို အားဖြည့်လိုကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါတယ်။ စနစ်သစ်မှာ ညာခြမ်း ဗဟိုခံစစ်မှူးဟာ ကိုနတေး ကိုင်တွယ်နေတာထက် ပိုလုပ်ပြနိုင်ဖို့ လိုတယ်လို့ နည်းပြက မြင်နေတာပါ။

ဒီနွေအတွင်း လီဗာပူးရဲ့ အပြောင်းအရွှေ့တွေကို စီမံပေးဖို့ ဂျာမာန်ဒါရိုက်တာ ရှမတ်ကီကို ကာလတိုအဖြစ် တာဝန်ပေးမှာဖြစ်ကာ ဒီအပတ်မှာပဲ တရားဝင် ခန့်အပ်မှု ဖြစ်လာမှာပါ။