ကွမ်းဆက် အခြေအနေ၊ ဖောရက်စ်ကို ပယ်ချလိုက်တဲ့ ကွင်းလယ်လူ၊ စီးရီးအေဘက်က ချိတ်ဆက်မှုနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ကောလဟာလတွေ ထွက်ရှိနေပေမယ့် လက်ရှိ အခြေအနေမှာ လီဗာပူးအသင်းဟာ ခံစစ်မှူး ကွမ်းဆက်ကို ရောင်းချမယ့် အရိပ်အခြေ မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ ခံစစ်ပိုင်း အားဖြည့်စရာရှိလာခဲ့ရင်တော့ ကွမ်းဆက်ကို ပေါင် သန်း ၅၀ ဝန်းကျင်ဖြင့် လက်လွတ်သွားနိုင်ချေ ရှိနေပါတယ်။

လေဗာကူဆင်အသင်းဟာ ခံစစ်ပိုင်း အားဖြည့်ဖို့ ထိပ်တန်း ပစ်မှတ် ၃ ဦးစာရင်းမှာ ကွမ်းဆက်ကိုလည်း ထည့်သွင်းထားပါတယ်။ အင်္ဂလန်သားကို ခေါ်ယူဖို့ ကြိုးစားရင်တောင် ဗစ်အတွက် အလဲအထပ် ဖြစ်လာဖို့ မရှိဘဲ သီးခြား အပြောင်းအရွှေ့ ကိစ္စအဖြစ်ပဲ လီဗာပူးဘက်က လက်ခံဆွေးနွေးပေးမှာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဘက်က ဟာဗေးကို ပုဂ္ဂိုလ်ရေး ချိတ်ဆက်မှု ပြုလုပ်ခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချလိုက်ပါတယ်။ ဖောရက်စ်ဘက်က လီဗာပူးထံ ချဉ်းကပ်ဖို့တော့ ကြိုးစားခြင်း မရှိသေးပါဘူး။

ညာအစွန်လူသစ် ဖရန်းပေါင်ကတော့ ချန်ပီယံလိဂ်မှာ သူနဲ့ ဗစ်တို့ အတွဲညီခဲ့တဲ့ ဗီဒီယိုကို ပြန်ရှယ်ပြီး ဂျာမာန်သားကို အန်ဖီးမှာ ပြန်ပေါင်းစုံဖို့ စည်းရုံးနေပါတယ်။

အေဂျက်အသင်းဟာ လီဗာပူးအသင်း အရန် ဂိုးသမား ဂျာရိုစ့်ကို အငှားဖြင့် ခေါ်ယူနိုင်မယ် ရေပန်းစားလာနေပါပြီ။

ဥရောပမှာပဲ ဆက်ကစားလိုနေတဲ့ ဒါဝင်ကို ခေါ်ယူဖို့ရာ စီးရီးအေကလပ် အေစီမီလန်ဘက်က ချိတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ဟာ ဒါဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့် လီဗာပူး တောင်းဆိုတဲ့ ယူရို သန်း ၇၀ ကို ပေးလိုခြင်း မရှိပါဘူး။

ကလပ်ကမ္ဘာ့ဖလား မတိုင်ခင် နွေစျေးကွက်ကနေ လူသစ် ၄ ဦး ခေါ်ယူခဲ့တဲ့ မန်စီးတီးဟာ ၂၀၂၅ ခုနှစ်မှာတင် အသုံးစရိတ် ပေါင် ၂၈၉ သန်းထိ ရှိနေပါပြီ။