

အက်သလက်တီကို မက်ဒရစ်ဟာ ဘယ်အစွန်လူ ရိုဘိုကို ယူရို ၅ သန်းနဲ့တင် လက်ရှိ စျေးကွက်မှာ ခေါ်ယူလိုနေပါတယ်။
ကွင်းလယ်လူဗစ်ဟာ ဒီအပတ် သောကြာနေ့ လီဗာပူးကို ရောက်လာပြီး ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဗစ်ဟာ ငွေကြေးဆိုင်ရာ ကိစ္စတွေ မပါဝင်ဘဲ နည်းပြအာနယ် ဆလော့ရဲ့ နည်းစနစ်ပလန်ကို အထင်ကြီးခြင်းကြောင့် လီဗာပူးထံ ပြောင်းဖို့ပဲ စိတ်ပိုင်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နံပါတ် ၉ တိုက်စစ်မှူးနေရာ ချိန်နေဆဲဖြစ်ကာ ထိပ်တန်း တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူသွားမယ့် အလားအလာတွေ ရှိနေပါတယ်။
ဥရောပမှာပဲ ဆက်နေလိုတဲ့ ဒါဝင်ဟာ နာပိုလီ၊ အေတီကို အပါအဝင် ကလပ်အချို့နဲ့ စကားပြောနေသလို ဆော်ဒီကလပ်အချို့နဲ့လည်း ဆွေးနွေးမှု ရှိနေပါတယ်။
ဂိုးသမား ဂျားရိုစ့်ဟာ အေဂျက်ထံ တရာသီ အငှားထွက်မှာဖြစ်ပေမယ့် အဲ့မတိုင်ခင် လီဗာပူးအသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပြိုင်ဘက်ကွင်းအဖြစ် အန်ဖီးနဲ့ စိန့်ဂျိမ်းပက်ခ်တို့ကို ကာကက်ဇ်က ရွေးချယ်ခဲ့ကာ အကောင်းဆုံးကတော့ အန်ဖီးပဲဖြစ်ပြီး ကွင်းထဲ မဝင်ခင် ဥမင်မှာတည်းက ပရိသတ်အသံတွေ ဟိန်းဟိန်းထနေပြီလို့ ထုတ်ပြောပါတယ်။
လီဗာပူးအသင်းဟာ အေတီကို တိုက်စစ်မှူး အဲဗာရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေပြီး အာဂျင်တီးနားသားရဲ့ အခြေအနေကို စုံစမ်းမှုရှိထားပါတယ်။
ဘယ်အစွန်လူ ကာကက်ဇ်ဟာ လီဗာပူးပရိသတ်တွေနဲ့ တွေ့ဆုံမှုမှာ ” လီဗာပူးပရိသတ်တွေကို တွေ့ဆုံရတာ ဝမ်းသာပါတယ် ” လို့ ပြောဆိုပြီး ဗီဒီယို ရိုက်ကူးပေးသွားပါတယ်။
ပြင်သစ်သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ လိုင်ယွန်အသင်းမှ တောင်ပံသမား Malick Fofana ကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြပါတယ်။