

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေ ထွက်ပေါ်အပြီး လာမယ့်ရာသီ ချန်ပီယံဖြစ်မယ် ရေပန်းစားမှုမှာ လီဗာပူးအသင်းက ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲအတွင်း အခက်ခဲဆုံး တာထွက်ကို ပိုင်ဆိုင်ထားတဲ့ အသင်းက လီဗာပူးအသင်းဖြစ်တယ်လို့ Opta Analyst က ဖော်ပြပါတယ်။
ဂိုးသမား ဂျာရိုစ့်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးခဲ့ပြီးနောက် အေဂျက်အသင်းထံ တရာသီ အငှားဖြင့် ထွက်ခွာသွားပါပြီ။
လီဗာပူးအသင်းဟာ နယူးကာဆယ်က ရောင်းရန်မဟုတ်လို့ သတ်မှတ်ထားတဲ့ အီဆက်အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလိုစိတ် ရှိနေပါတယ်။
အစောပိုင်းသတင်းတွေအရတော့ လီဗာပူးဘက်က အီဆက်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အပြင် ထပ်တိုးကြေးတွေပေးမှာဖြစ်ကာ ဗစ်အတွက် ပေးချေခဲ့တဲ့ ပေါင် ၁၁၆ သန်းထက် ပိုများနိုင်တယ်လို့ ဆိုလာကြပါတယ်။
ဒါဝင် နူးညက်စ်နဲ့ နာပိုလီ ကိုယ်စားလှယ်တွေဟာ ဒီအပတ်ထဲမှာ စကားပြောကြမှာဖြစ်ပြီး အဲ့ကိစ္စ နောက်ပိုင်းမှာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ချေတွေ ထွက်ပေါ်လာပါမယ်။
လီဗာပူးအသင်းရဲ့ တိုက်စစ်ပစ်မှတ်တွေထဲမှာ နယူးကာဆယ်မှ ဂေါ်ဒန်လည်း ပါဝင်ထားဆဲဖြစ်ပါတယ်။
ဂိုးမက်စ်ကို ပေါင် သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူလိုတဲ့ ကလပ်အချို့ ရှိနေပေမယ့် တရားဝင် စကားပြောမှုတွေ ရှိမလာသေးပါဘူး။
ဘာစီလိုနာအသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒီယက်ဇ်ကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်မယ် ယုံကြည်နေတယ်လို့ ကက်တလန်သတင်းတွေက ဆိုပါတယ်။
လီဗာပူးဘက်က ဒီယက်ဇ်အတွက် ပေါင် ၈၅ သန်းဝန်းကျင်ရလိုနေခြင်းဖြစ်ကာ အဲ့စျေး မပေးမယ့် ကလပ်တွေနဲ့ အပြောင်းအရွှေ့ ကိစ္စ ညိနှိုင်းမှာ မဟုတ်ကြောင်း အင်္ဂလန်မီဒီယာတွေက တဆင့် သတင်းထုတ်ပြန်ထားပါတယ်။