ခံစစ်မှူး ၂ ဦး ခေါ်ယူလိုခြင်း၊ ဂူဟီအတွက် ပဲလေစ့်ဘက်က ပေါင် သန်း ၅၀ ရလို၊ ဗန်ဒုတ် သက်သာလာပြီး ရမ်ဆေး ထွက်ခွာဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဒီအပတ်မှာပဲ ခံစစ်မှူး ကွမ်းဆက်ကို လေဗာကူဆင်အသင်းထံ ရောင်းချရေး ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖွယ် ရှိနေပါတယ်။

ဂျာမာန်သတင်းတွေမှာတော့ နှစ်သင်းဟာ ပေါင် ၃၅ သန်းဝန်းကျင်နဲ့ အဆင်ပြေမယ်လို့ ဆိုနေကြပြီး အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သားကို လီဗာပူးဘက်က အလိုရှိရင် ပြန်ခေါ်ယူခွင့် ထည့်သွင်းလိုတယ်လို့ ဆိုပါတယ်။

ပဲလေစ့်ဟာ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဂူဟီကို စာချုပ်သစ်ပေးနိုင်မှာ မဟုတ်တာကြောင့် ဒီနွေမှာ ရောင်းချဖွယ်ရှိနေပြီး ပေါင် သန်း ၅၀ ဝန်းကျင် အလိုရှိပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှူးသစ် ၂ ဦး ခေါ်ယူလိုနေပြီး ပွဲထွက်လူစာရင်းကို တိုက်ရိုက် စိတ်ခေါ်နိုင်မယ့်သူနဲ့ အလားအလာရှိ လူငယ်ခံစစ်မှူး ၁ ဦးတို့ပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဆုဖလားတွေ အောင်မြင်လိုတယ်လို့ ဖရန်းပေါင်က ထုတ်ပြောခဲ့ကာ ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်ရေး ပါဝင်ကူညီရဖို့ မစောင့်နိုင်ဖြစ်နေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဂက်ပိုကော ဒီယက်ဇ်ကိုပါ သူတို့ပစ်မှတ်ထဲ ထည့်သွင်းထားပါတယ်။ ဂက်ပိုကို ယူရို သန်း ၇၀ မကျော်တဲ့ ပမာဏနဲ့ ခေါ်ယူခွင့်ရမလား အခြေအနေကို စတင် တီးခေါက်နေပါတယ်။

ရစ်ချက်ဟုချ်ဟာ ၁ နှစ်ပဲကျန်တော့တဲ့ ကိုနတေးရဲ့ စာချုပ်ကို မနှစ်ကရာသီ ဆာလာ၊ ဗန်ဒိုက်တို့ကို ချုပ်ဆိုစဉ်အတိုင်း နောက်ဆုံးအချိန်ထိ ကြိုးစားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

၂၀၂၂ တုန်းက ပေါင် ၆.၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ညာအစွန်လူ ရမ်ဆေးဟာ အာနယ် ဆလော့ရဲ့ လူစာရင်းမှာ ပွဲကစားခွင့်ရဖို့ အခွင့်အရေး မရှိသလောက် ဖြစ်လာနေပါတယ်။

ဆယ်ကျော်သက် တိုက်စစ်သမား ဗန်ဒုတ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာနေပြီဖြစ်ကာ ရာသီကြိုကို ပူးပေါင်းနိုင်မယ် မျှော်လင့်ရပါတယ်။ ဗန်ဒုတ်ကို ပရီးမီးယားလိဂ်ကလပ် အချို့က စိတ်ဝင်စားနေပြီး လီဗာပူးဘက်က ပေါင် သန်း ၃၀ စျေးသတ်မှတ်ပေးထားပါတယ်။