

လီဗာပူးအသင်းဟာ ခံစစ်မှူး နက်ဖီးလစ်ကို ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းထံ ပေါင် ၃ သန်းထိ ရောက်နိုင်မယ့် ပမာဏဖြင့် အသင်းပြောင်းခွင့်ပေးလိုက်ပါပြီ။
ခံစစ်မှူး ကွမ်းဆက်အတွက် လီဗာပူးနဲ့ လေဗာကူဆင်ကြား ဆက်လက် ညိနှိုင်းနေပြီး အင်္ဂလန်ခံစစ်မှူးကို အလိုရှိရင် ပြန်လည်ခေါ်ယူခွင့်မှာ ပြောင်းရွှေ့ကြေး ဘယ်လောက်ဆိုတာနဲ့ ဘယ်နှစ်နှစ်အတွင်း ခေါ်ယူခွင့်တွေအတွက် အသေးစိတ် စကားပြောနေတာဖြစ်ပါတယ်။
ဂျာမာန်သတင်းတွေ အဆိုအရ လေဗာကူဆင်ဟာ ကနဦး ယူရို သန်း ၃၀၊ ထပ်တိုးကြေး ယူရို ၅ သန်းဖြင့် ခေါ်ယူမှာဖြစ်ကာ လီဗာပူးဘက်က အလိုရှိရင် ယူရို သန်း ၄၀ ပေးပြီး ပြန်လည် ခေါ်ယူပိုင်ခွင့် ထည့်သွင်းပါမယ်။
အင်္ဂလန်ဘက်က အဆိုအရ ပေါင် ၃၅ သန်းဖြင့် လေဗာကူဆင်က ခေါ်ယူပြီး လီဗာပူး ပြန်လည် ခေါ်ယူလိုရင် ပေါင် သန်း ၅၀ ပေးရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကိုနတေးအတွက် စာချုပ်သစ် ပေးခဲ့ပေမယ့် အခြေခံလုပ်ခပိုင်း သဘောတူညီမှုမရတာကြောင့် ငြင်းဆန်ခံခဲ့ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။
ခံစစ်မှူးဟာ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တာဖြစ်ကာ လီဗာပူးဘက်ကတော့ ဒီနွေမှာ ကိုနတေးကို မရောင်းထုတ်ဘဲ စာချုပ်သစ်အတွက် ကြိုးစားလိုရိပ် ပြသနေပါတယ်။
မနှစ်ကရာသီမှာ အာနယ် ဆလော့ဟာ ဘောလုံးဆုံးရှုံးခဲ့ပြီးရင် ၅ စက္ကန့်အတွင်း ၁ သင်းလုံး ခံစစ်ကူရေး အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ သတိပေးချက် လုပ်ဆောင်ထားခဲ့ပါတယ်။
ဘယ်အစွန်လူ ကာကက်ဇ်တို့ မိသားစုဟာ လီဗာပူးကို လာနေကြောင်းကို သူတို့ ကိုယ်တိုင်ပဲ လူမှုကွန်ယက်မှာ ထုတ်ဖော်သွားပါတယ်။
တိုက်စစ်မှူး ဒါဝင်ဟာ နာပိုလီနဲ့ ပုဂ္ဂိုလ်ရေးပိုင်း အဆင်ပြေခဲ့တာကြောင့် ကလပ် ၂ သင်းကြား ပြောင်းရွှေ့ကြေးကိုပဲ အဓိက ညိနှိုင်းရပါမယ်။
ဘယ်အစွန်လူ အိုဝင်ဘက်ကို ချန်ပီယံရှစ်ကလပ် Wrexham အသင်းက အငှားခေါ်ယူလိုနေကာ လီဗာပူးဘက်ကတော့ အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ပါဘူး။