NEWS: လီဗာပူးအသင်းက အီဆက်ကို ခေါ်ယူဖို့ဟာ မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်

လီဗာပူးအသင်းက အီဆက်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ချေဟာ ဖြစ်နိုင်ချေရှိတဲ့ ကိစ္စလား ဒါမှမဟုတ် ရည်မှန်းချက် တအားများကြီးမားနေတာလား ဆိုတာဟာ မေးခွန်းထုတ်စရာ ကိစ္စတခု ဖြစ်နေပါတယ်။

ဒီနွေစျေးကွက်မှာ ကြီးမားတဲ့ ငွေကြေးတွေ အသုံးပြုထားတဲ့နောက် လီဗာပူးဟာ နောက်ထပ် အသုံးစရိတ် ကျန်တော့ဖွယ် မရှိဘူးလို့ အသင်းပရိသတ်တွေက ရှုမြင်ပါတယ်။

အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဘက်က အခုလို ငွေသုံးကြမ်းတာမျိုး မမြင်ရတာ ကြာခဲ့ပြီမို့လည်း လီဗာပူးထံကနေ ကြီးကျယ်တဲ့ ခေါ်ယူမှု ထပ်မြင်ရမယ်လို့ အယုံအကြည် မရှိတဲ့ ပရိသတ်တွေ များပြားနေတာပါ။

ဒါပေမယ့် လီဗာပူးအသင်းဟာ အီဆက်ကို ခေါ်ယူဖို့ ဘဏ္ဍာရေးပိုင်း တတ်နိုင်စွမ်းရှိသလို ဆွီဒင်သားကို မခေါ်ယူနိုင်ရင်တောင် နောက်ထပ် ပေါင် သန်း ၂၀၀ လောက် (ဘဏ္ဍာရေးပိုင်း ငြိစွန်းခြင်းမရှိဘဲ) ထပ်သုံးလာရင်လည်း အံ့ဩစရာ မရှိဘူးလို့ Telegraph, The Times တို့ကတဆင့် ဗြိတိန်ရဲ့ ဂုဏ်သိက္ခာရှိသတင်းထောက်တွေက ရေးသားလာပါတယ်။

မာဆေးဆိုဒ် သတင်းထောက် Lewis Steele ကလည်း လီဗာပူးရဲ့ ရေရှည်အတွက် သွေးသစ်လောင်းဖို့ ကြိုးစားနေကြောင်း သတင်းတွေကို မငြင်းဆန်ဘဲ

” လီဗာပူးက အီဆက်ကို ခေါ်ယူဖို့ဆိုတာဟာ ဖြစ်နိုင်ချေရှိတဲ့ ကိစ္စလားဆိုရင် ဟုတ်ပါတယ်၊ ဖြစ်နိုင်ချေရှိတဲ့ ကိစ္စဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လက်တလောမှာတော့ ခေါ်ယူမယ့် အနေအထားမျိုး မရောက်သေးပါဘူး ” လို့ ပြောပြပါတယ်။

တိုက်စစ်သမား အီဆက် ကိုယ်တိုင်က နယူးကာဆယ်ကနေ ထွက်ခွာလိုသလား ဆိုတဲ့ သဘောထားကို လီဗာပူးဘက်က ရှင်းရှင်းလင်းလင်း သိလိုပြီး အခုချိန်မှာ မာဆေးဆိုဒ်ကလပ်ရဲ့ အလေးအနက် စိတ်ဝင်စားမှုကို ဟန့်တားဖို့ နယူးကာဆယ်ဘက်ကလည်း စာချုပ်သစ်ပေးရန် ပြင်ဆင်နေပါပြီ။

လီဗာပူးအသင်းဟာ ဒါဝင်၊ ကွမ်ဆက်တို့ကို ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ပြီးရင် သူတို့နေရာ အစားထိုးမှု ပြုလုပ်သွားဖို့ ရှိနေကာ ဟာဗေး၊ ဗန်ဒုတ်၊ မော်တန်၊ ဘာ့ဂျ်ဆဲတစ်၊ ရော်ဘတ်ဆန်၊ ခီယေဆာ တို့ကိုလည်း ရောင်းထုတ်ဖို့ ကြိုးစားလာဦးမှာပါ။

လီဗာပူးရဲ့ နောက်ထပ် ခေါ်ယူမှုတွေဟာ ကစားသမား ရောင်းထုတ်မှုအပေါ် မူတည်နေပြီး ရစ်ချက်ဟုချ်ဟာ လူစာရင်း ဖယ်ရှားမှုကနေ ယူရို သန်း ၂၀၀ ဝန်းကျင် ငွေရှာပေးနိုင်မယ်လို့ ယုံကြည်ခံနေရတာဖြစ်ပါတယ်။