

လီဗာပူးအသင်းဟာ ဟာဗေးအတွက် ပေါင် သန်း ၄၀ တန် ကမ်းလှမ်းမှုရဖို့ မျှော်လင့်နေသလို ယူ-၂၁ ပြိုင်ပွဲမှာ ကွင်းလယ်လူရဲ့ တောက်ပမှုအရ အဆိုပါကြေးဟာ တက်လာဖို့ပဲ ရှိနေပါတယ်။
ဒီယက်ဇ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့ဟာ စာချုပ်သစ်ရလိုပေမယ့် လီဗာပူးဘက်က အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို စာချုပ်အကုန်ထိပဲ ထားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
နာပိုလီအသင်းဟာ ဒါဝင်အတွက် ယူရို ၆၅ သန်း မကျော်တဲ့ ကမ်းလှမ်းမှုပေးဖို့ ပြင်ဆင်နေပြီး လီဗာပူးဘက်ကတော့ ငြင်းဆန်ဖွယ် ရှိပါတယ်။
ရော်ဘတ်ဆန်နဲ့ အက်သလက်တီကို မက်ဒရစ်ကြား စကားပြောမှုက ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။ ကာကက်ဇ်ကိုယ်တိုင်ကလည်း ရိုဘိုထံက သင်ယူလိုတယ် ဆိုသွားတာကြောင့် စကော့သားရဲ့ အနာဂတ်ဟာ လီဗာပူးမှာပဲ ဆက်ရှိနေဦးမယ့် အခြေအနေပါ။
ဘယ်အစွန်လူ ၃ ဦးထိ ရှိနေတဲ့ လီဗာပူးအသင်းဟာ ဂရိကစားသမား ကိုစတက်ကို ရောင်းထုတ်ဖို့ အားစိုက်လာဖွယ် ရှိနေပါတယ်။
ကိုနတေးက လီဗာပူးအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ပြင်သစ်သားဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုနေကြောင်းလည်း အသံထွက်လာပါတယ်။
ဂူဟီဟာ လီဗာပူးအသင်းထံ ပြောင်းလာခဲ့ရင် ပွဲကစားခွင့်အတွက် အာမခံချက် ရလိုနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်အတွက် သူတို့ရဲ့ အဓိက ပစ်မှတ် ၃ ဦးစာရင်းထဲ နောက်ဆုံးနေရာက ဂက်ပိုကို ထည့်သွင်းထားပါတယ်။
လီဗာပူးအသင်းရဲ့ လာမယ့် အပြောင်းအရွှေ့တွေဟာ ကစားသမား အထွက်အပေါ် မူတည်သွားတော့မှာဖြစ်ပါတယ်။