ဂိုးသမားသစ် ခေါ်ယူခြင်း၊ အီဆက်အတွက် စိတ်ရှည်ဖို့ရှိခြင်း၊ ဒီယက်ဇ်၊ ဟာဗေး အပြောင်းအရွှေ့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ Preston North End နဲ့ စာချုပ်ကုန်ထားတဲ့ အသက် ၂၈ နှစ်အရွယ် ဂိုးသမား ဝုဒ်မန်းကို ခေါ်ယူကြောင်း ကြေညာပါတယ်။ သူဟာ အသင်းမှာ အားနည်းနေတဲ့ homegrown စာရင်းကို ဖြည့်တင်းပေးနိုင်ပါမယ်။

လူငယ်ဂိုးသမားတွေဖြစ်တဲ့ ဂျာရိုစ့်နဲ့ ဟာဗေးတို့ အငှားထွက်သွားတဲ့နောက် အသင်းရဲ့ ဂိုးသမားအင်အားကို ပြန်ဖြည့်ဖို့ အင်္ဂလန်သားကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘလက်ပူးအသင်းမှ ဆယ်ကျော်သက် ကြယ်ပွင့် Gabriel Schluter ကို အထင်ကြီး သဘောကျနေသလို ခေါ်ယူနိုင်ကြောင်း အသံထွက်နေပါတယ်။

ဟာဗေးကို ခေါ်ယူလိုတဲ့ ကလပ် ၃ သင်းထက် မနည်းရှိနေပြီး လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ထက် မနည်းရလိုပါတယ်။

အယ်နာဆာက ခေါ်ယူလိုနေတဲ့ ဒီယက်ဇ်အတွက် ယူရို ၈၅-၁၀၀ သန်းကြား မရရင် လုံးဝ ရောင်းမထုတ်ဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားပါပြီ။ ဒီအပြောင်းအရွှေ့ဟာ ဇူလိုင်လ အလယ်မှာ စတင် စကားပြောတာမျိုး ဖြစ်လာဖို့ ရှိပါတယ်။

နယူးကာဆယ်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့တကွ အီဆက်ကို ခေါ်ယူနိုင်မလား အခြေအနေကို လီဗာပူးဘက်က အချိန်ယူ စောင့်ကြည့်နေပါတယ်။

အသင်းသမိုင်းမှာ ပထမဆုံးအဖြစ် လီဗာပူးအသင်းရဲ့ လုပ်ခပေးချေမှုဟာ ၁ ရာသီ ပေါင် သန်း ၄၀၀ အထက်ကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။

ခံစစ်မှူး အီဘူးဟာ ဒီနွေမှာ လီဗာပူးဘက်က ရောင်းချခဲ့မယ်ဆိုရင် ငြင်းဆန်ပြီး လာမယ့်ရာသီ အသင်းသစ်ထံ လက်မှတ်ထိုးကြေးနဲ့ ပြောင်းဖို့ ပြင်ဆင်နေတယ်လို့ The Athletic က ဖော်ပြလာပါတယ်။

အန်ဖီးကွင်းကို ထပ်မံ တိုးချဲ့ဖို့ လက်တလော အစီအစဉ် မရှိဘဲ အဲ့အစား ကွင်းဘေးက အသင်းစျေးဆိုင်ကို အကြီးစား ထပ်မံ တိုးချဲ့မှု ပြုလုပ်နေပါပြီ။