

ဟာဗေး၊ မော်တန်၊ ကွမ်းဆက်တို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ သက်တမ်းအလိုက် ယူရိုပြိုင်ပွဲကို အောင်မြင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါပြီ။
၂၀၂၅ ယူရိုပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးကြယ်ပွင့် ဟာဗေးက ရရှိသွားပါတယ်။
ဗစ်ဟာ ဘယ်တောင်ပံမှာလည်း ကစားနိုင်ပေမယ့် သူ့ရဲ့ အကောင်းဆုံး နေရာဟာ ကွင်းလယ် နံပါတ် ၁၀ နေရာဖြစ်တယ်လို့ သူ ယုံကြည်ကြောင်း စတီဗင်ဂျရတ်က ထုတ်ပြောခဲ့ပါတယ်။
နည်းပြအာနယ် ဆလော့ကတော့ ခံစစ်မှူး အီဘူး သက်တမ်း မတိုးခဲ့ရင်တောင် ပွဲထွက်လူစာရင်းမှာ ထုတ်သုံးဖို့ ပြဿနာ မရှိဘဲ ရွေးချယ်လို့ရတဲ့ အကောင်းဆုံး လူစာရင်းကို အသုံးပြုဖို့ ရည်မှန်းထားပါတယ်။
နာပိုလီအသင်းဟာ ဒါဝင် နူးညက်စ်နဲ့ သတင်းတွေထွက်နေပေမယ့် အီတလီကလပ် အူဒီးနီအသင်းမှ တိုက်စစ်မှူး လူကာကိုလည်း ချိတ်ဆက်နေပါတယ်။
ဒီယက်ဇ်အတွက် ဘာစီလိုနာရဲ့ ချိတ်ဆက်မှုကို လီဗာပူးတို့ ပယ်ချခဲ့ပေမယ့် အယ်နာဆာက ယူရို ၈၅ သန်းဝန်းကျင်ဖြင့် ကြိုးစားမှု ပြုလုပ်လာဖို့ ရှိပါတယ်။
ခံစစ်မှူး ဂူဟီထံက လီဗာပူးထံ ပြောင်းလာလိုကြောင်း တုန့်ပြန်မှုကို ရခဲ့တဲ့နောက် လီဗာပူးနဲ့ လေဗာကူဆင်ကြား ကွမ်းဆက်ရဲ့ အပြောင်းအရွှေ့ ကိစ္စကို အမြန်ဆုံး အပြီးသတ်ဖွယ် ရှိပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ထံကနေ အပြောင်းအရွှေ့ ကိစ္စ တွန်းအားပေးလာမှကို စိုးရိမ်နေခြင်း မရှိပါဘူး။ သူတို့ကတော့ ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အီဆက်ကို ထိန်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေပါတယ်။