

လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကြယ်ပွင့် နိုင်ယွန်နီရဲ့ ၁၈ နှစ်ပြည့် မွေးနေ့မှာပဲ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါပြီ။
ဂျာမာန်သတင်းတွေရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ရဲ့ ကိုယ်စားလှယ်တွေထံ စတင် ဆက်သွယ်ခဲ့ပြီဖြစ်ပါတယ်။
ဆော်ဒီကလပ် အယ်နာဆာ အသင်းကလည်း ဒီယက်ဇ်ကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှု စပေးမယ်လို့ အသံထွက်နေကာ လီဗာပူးဘက်ကတော့ ယူရို ၈၅-၁၀၀ သန်းကြား စျေးခေါ်ထားပါတယ်။
ဟန်ဂေရီသတင်းတွေနဲ့ အင်တာဗျူးမှာ ဆိုဘိုစလိုင်က ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဗစ်နဲ့ ယှဉ်ပြိုင်ဖို့ ကြောက်ရွံ့နေခြင်း မရှိလို့ ထုတ်ပြောပါတယ်။
ပေါ်တူဂီကလပ် ဘရာဂါ၊ နယ်သာလန်ကလပ် အေဂျက်နဲ့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းတို့ အလိုရှိနေတဲ့ တေလာ မော်တန်အတွက် လီဗာပူးဘက်က ပေါင် ၁၅ သန်း စျေးဖြတ်ထားပါတယ်။
လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ စျေးသတ်မှတ်ထားပြီး နာပိုလီနဲ့ သဘောတူညီမှုရဖို့ ခက်ခဲနေပါတယ်။
လက်ရှိ စျေးကွက်မှာ တိုက်စစ်မှူးသစ် ပြန်ခေါ်ဖို့ဆိုရင် ယူရို သန်း ၁၀၀ ဝန်းကျင် စျေးပေါက်နေကြောင်း သိရှိထားတဲ့ လီဗာပူးအသင်းဟာ ဒါဝင်အတွက် စျေးချပေးမှာ မဟုတ်ပါဘူး။
ဒါဝင်ကို ရောင်းချနိုင်ရင် လီဗာပူးအသင်း တိုက်စစ်မှူးသစ် ခေါ်ယူမှာဖြစ်ကာ မရောင်းနိုင်ရင်တော့ လာမယ့်ရာသီအတွက် ဂျိုတာ၊ ဒါဝင် တိုက်စစ်နဲ့ ရှေ့ဆက်ပါမယ်။
နယူးကာဆယ်နဲ့ အပြောင်းအရွှေ့ သတင်းကြီးတွေ ထွက်နေချိန်မှာပဲ ဟာဗေးက နယူးကာဆယ်နဲ့ အင်္ဂလန်ကစားသမား Livramento နဲ့ပုံကို အင်စတာဂရမ်မှာ တင်လာခဲ့ပါတယ်။
ပဲလေစ့်ခံစစ်မှူး ဂူဟီကတော့ သူ စာချုပ်သစ် သက်တမ်းတိုးတော့မှာ မဟုတ်ကြောင်း သဘောထားကို ပြတ်ပြတ်သားသား ပြသခဲ့ကာ လီဗာပူးနဲ့ အပြောင်းအရွှေ့အတွက် မီးစိမ်းပြထားပါတယ်။