ဒါဝင်အတွက် ကမ်းလှမ်းမှု ထပ်လာမည်၊ ဒီယက်ဇ်အတွက် ယူရို သန်း ၅၀ ကို ပယ်ချ၊ ကိုနတေးကို ယူရို ၂၅ သန်းနဲ့ရလိုတဲ့ မက်ဒရစ်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းဟာ လူးဝစ် ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ချဉ်းကပ်မှုကို ပယ်ချလိုက်ပြီး ကိုလံဘီယာ တိုက်စစ်သမားအတွက် မည့်သည့် ချိတ်ဆက်မှုမှ လက်ခံမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဘက်က ဒီယက်ဇ်ကို ခေါ်ယူနိုင်ရေး ယူရို ၅၂ သန်း ဝန်းကျင်ဖြင့် စကားပြောခဲ့ခြင်းဖြစ်ကာ လီဗာပူးဘက်ကတော့ ယူရို ၈၅ သန်းထက် နည်းတဲ့ ချိတ်ဆက်မှုတွေကို လက်ခံစကားပြောမှာ မဟုတ်ပါဘူး။

ဒါဝင်အတွက် နာပိုလီအသင်းရဲ့ ယူရို သန်း ၅၀ တန် ကမ်းလှမ်းမှုကို လီဗာပူး ပယ်ချခဲ့ပေမယ့် စီးရီးအေကလပ်က ယူရို ၅၅ သန်းဖြင့် ကမ်းလှမ်းမှု ထပ်ပို့ဦးမှာပါ။

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကတော့ ဒီနွေမှာတင် ကိုနတေးကို ယူရို သန်း ၂၀-၂၅ သန်းကြားဖြင့် ခေါ်ယူနိုင်မလား သွေးတိုးစမ်းလိုရိပ်တွေ ပြသလာပါတယ်။

ညာတောင်ပံ-အစွန်လူသစ် ဖရန်းပေါင်ဟာ လာမယ့်ရာသီမှာ ထရန့်ရဲ့နေရာကို တိုက်ရိုက် ယူခွင့်ရမှာ မဟုတ်ဘဲ ညာအစွန်အတွက် ဦးစားပေးဖြစ်လာမယ့် ဘရတ်ဒလေထံက ပွဲချိန်မိနစ်ကို လုယူနိုင်ရေး သက်သေပြရဖွယ်ရှိနေပါတယ်။

ဆိုဘိုစလိုင်၊ ကာကက်ဇ် ဦးဆောင်တဲ့ လီဗာပူးအသင်းရဲ့ ဟန်ဂေရီသား ကစားသမား ၃ ဦးဟာ အန်ဖီးထံ ရောက်လာပြီး ဂျိုတာ အောက်မေ့သတိရမှုကို လေးစာသမုဖြင့် လုပ်ဆောင်သွားပါတယ်။

ရာသီကြိုမှာတော့ လူစာရင်း လိုအပ်ချက်အရ တိုက်စစ်မှူး ဂျေဒန်ဒန့်စ့်နဲ့ တောင်ပံသမား ဗန်ဒုတ်တို့ စီနီယာအသင်းမှာ ပွဲကစားချိန်ရရှိမယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံး ကြံ့ခိုင်မှု ပြန်ကောင်းနေပြီလား မသေချာပါဘူး။

နယူးကာဆယ်အသင်းဟာ အီဆက်ဘက်က ဘာဖြစ်လိုသလဲ ဆိုတဲ့ သဘောထားကို နားထောင်သွားမှာဖြစ်ပြီး တချိန်တည်းမှာပဲ ဖရန့်ဖတ် တိုက်စစ်မှူး အီကီတီကီကို ချိတ်ဆက်မှု လုပ်ဆောင်နေကြောင်း သတင်းထွက်နေပါတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ကြယ်ပွင့်ဖြစ်သလို အမျိုးသမီးအသင်းရဲ့ မိုဆာလာလို့ တင်စားခံရတဲ့ Olivia Smith အား ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၁ သန်းဖြင့် အာဆင်နယ်အသင်းထံ ရောင်းထုတ်ဖို့ သဘောတူလိုက်ပါတယ်။