

ဇူလိုင်လ ၁၁ ရက်နေ့ ည ၂၀ နာရီ ၂၀ မိနစ်အချိန်မှာ လီဗာပူးအသင်းဟာ Forever our no 20 ဆိုတဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ဂျိုတာအတွက် အသင်းရဲ့ အသေးစိတ်ကျတဲ့ ဂရုစိုက်မှုအဖြစ် ပရိသတ်တွေကြားမှာ သဘောကျစရာဖြစ်လာပါတယ်။
အဆိုပါဗီဒီယိုကို ထုတ်လွှင့်ရခြင်းကတော့ လီဗာပူးဘောလုံးအသင်းဟာ ကလပ်ရဲ့ စီနီယာအပါအဝင် သက်တမ်းအလိုက် အလွှာအားလုံးမှာ ကျောနံပါတ် ၂၀ ကို အနားပေးလိုက်ဖြစ်ကြောင်း ကြေညာလိုခြင်းကြောင့်ဖြစ်ပါတယ်။
ဂျိုတာမိသားစုဝင်တွေနဲ့အတူ စီနီယာအသင်းသားတွေနဲ့ ကစားသမားသစ်တွေ အပါအဝင် လီဗာပူးတစ်သင်းလုံးဟာ အန်ဖီးကွင်းမှာ ဂျိုတာအတွက် ပရိသတ်တွေရဲ့ ဆုတောင်းပေးမှုတွေကို သွားကြည့်ရင်း လေးစားမှု ပြသသွားပါတယ်။
မာမာဒီရှီဗီလီကို ခေါ်ယူခြင်းအား တရားဝင် ကြေညာချက် မထုတ်ပြန်သေးပေမယ့် ဂိုးသမားဟာ လီဗာပူးလူစာရင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဘက်က ဆက်တိုက် အားထုတ်နေပေမယ့် လီဗာပူးအသင်းဟာ လူးဝစ် ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုတွေ အားလုံးကို လမ်းပိတ်ထားလိုက်ပါတယ်။
မာဆေးဆိုဒ် သတင်းထောက်အချို့က နာပိုလီဟာ ဒါဝင်အတွက် ယူရို သန်း ၆၀ တန် ကမ်းလှမ်းမှုတစ်ခု အားထုတ်ဦးမယ်လို့ ဖော်ပြပါတယ်။
တချိန်တည်းမှာ နာပိုလီအသင်းဟာ အီတလီတိုက်စစ်မှူး လူကာကို လက်မှတ်ထိုး ခေါ်ယူဖို့ ပြောင်းလဲချိန်ရွယ်နေပြီး လီဗာပူးတိုက်စစ်မှူး ဒါဝင်ကို ခေါ်ယူရေး လက်လျော့မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။
လီဗာပူးအသင်းရဲ့ အာရှခရီးစဉ်မှာ လူငယ်ဂိုးသမားသစ် Armin Pecsi လည်း ပါဝင်ခွင့်ရမှာပါ။