ရာသီကြို စတင်ခြင်း၊ ဂျာစီသစ် ဝတ်ဆင်ဖို့ မရှိသေးခြင်း၊ အပြောင်းအရွှေ့ ကိစ္စအချို့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့ Preston အသင်းနဲ့ ယှဉ်ပြိုင်ခြင်းဖြင့် စတင်မယ့် ရာသီကြိုပွဲမှာ လီဗာပူးအသင်းဟာ မနှစ်က Nike ဂျာစီကိုပဲ ဝတ်ဆင်ကစားပါမယ်။

နယူးကာဆယ်အသင်းဟာ လီဗာပူးရဲ့ တိုက်စစ်ပစ်မှတ် ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အီကီတီကီကို ခေါ်ယူပြီး အီဆက်နဲ့တွဲဘက်ကစားစေဖို့ ပလန်လာတာလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ နယူးကာဆယ် တိုက်စစ်မှူး အီဆက်၊ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီကီနဲ့ လိုက်ဇစ်တိုက်စစ်မှူး ဆက်ကိုတို့ကို သဘောကျပေမယ့် အခုချိန်ထိတော့ ရှေ့တိုးလာခြင်း မရှိတာပါ။

လီဗာပူးဘက်က စျေးမချပေးခြင်းနဲ့အတူ နာပိုလီဟာ ဒါဝင် နူးညက်စ်ကို ခေါ်ယူရေးကို လက်လျော့မယ့် အရိပ်အယောင် မြင်လာရပါတယ်။

တချိန်တည်းမှာပဲ ဆော်ဒီကလပ် Al-Hilal အသင်းဟာ ဒါဝင်နူးညက်စ်ကို သူတို့ရဲ့ အဓိက ပစ်မှတ်အဖြစ် ထားရှိလိုလာကြောင်း အာရပ်သတင်းထောက်တွေ ဖော်ပြနေပါတယ်။

လက်ရှိ နွေစျေးကွက်မှာ တိုက်စစ်မှူးကောင်း ရှားပါးနေပြီး ပြောင်းရွှေ့ကြေးကလည်း ပေါင် သန်း ၁၀၀ ဝန်းကျင်တွေ စျေးခေါ်နေကြတာမို့ ဒါဝင်ကို အသင်းမှာ ဆက်ထိန်းတာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ထောက်ပြမှုတွေ ရှိလာနေပါတယ်။

ဘာစီလိုနာဟာ ဒီယက်ဇ်ကို စိတ်ဝင်စားပေမယ့် ခေါ်ယူဖို့ရာ ဘဏ္ဍာရေးပိုင်း မတတ်နိုင်ကြောင်း ပိုမို သေချာလာနေပါတယ်။

ကွင်းလယ်လူ ဟာဗေးဟာ အားလပ်ရက်ရထားပေမယ့် အသင်းနဲ့ ပြန်လည် ပူးပေါင်းမှု လုပ်ခဲ့ကာ ရာသီကြိုမှာ ပါဝင်သွားမှာပါ။ ဒါဟာ သူ့ရဲ့ အခွင့်အရေးအတွက် နောက်ဆုံးတစ်ကြိမ် အားထုတ်ကြည့်ခြင်း ဖြစ်လာဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ Salford City အသင်းမှာ ခြေစွာနေတဲ့ Will Wright ကို ရနိုင်ရေး စကားပြောမှု ဆက်လုပ်နေပါတယ်။ ဒီအပြောင်းအရွှေ့ဟာ တချိန်က ဟာဗေးကို ခေါ်ယူခဲ့တဲ့ အလားတူ တန်ဖိုးထားမှုမျိုးဖြစ်ကာ မန်စီးတီးနဲ့အပြိုင် အားထုတ်နေပါတယ်။