

ဝက်စ်ဟမ်းအသင်းဟာ လီဗာပူးကွင်းလယ်အတွဲဖြစ်တဲ့ ဟာဗေးနဲ့ မော်တန်တို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ ချိတ်ဆက်မှု လုပ်ဆောင်နေပါတယ်။
ဝုဗ်အသင်းဟာ တိုက်စစ်မှူး ဂျိုတာကို သူတို့အသင်းရဲ့ Hall of Fame စာရင်းထဲ ထည့်သွင်းသွားမယ့်အကြောင်း တရားဝင် ကြေညာပါတယ်။
ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီကီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားဟာ လီဗာပူးအသင်းကိုပဲ ဦးစားပေး ပြောင်းလိုတယ်လို့ အသိပေးထားပါပြီ။
လီဗာပူးအသင်းဟာ အီကီတီကီအတွက် တရားဝင် ကမ်းလှမ်းမှု ပေးပို့ဖို့ရာ ပြင်ဆင်နေပြီး ပေါင် သန်း ၇၀ ထက် ပိုများမယ့် ပြောင်းရွှေ့ကြေး ဖြစ်နိုင်ပါတယ်။
ဘရာဇီးသတင်းတွေမှာ လီဗာပူးက တိုက်စစ်သမား ရိုဒရီဂိုကို ခေါ်ယူရေး ကြိုးစားမယ် ဖော်ပြပေမယ့် မာဆေးဆိုဒ် သတင်းရင်းမြစ်တွေကတော့ အသင်းဘက်က လှုပ်ရှားနေခြင်း မရှိဘူးလို့ ငြင်းပါတယ်။
အသင်းမှာ တိုက်စစ်မှူး လိုအပ်ချက်ရှိနေခြင်းနဲ့အတူ ရာသီကြိုမှာ လူငယ်ကြယ်ပွင့် ဂျေဒန်ဒန့်စ့်ဟာ အခွင့်အရေးရမယ်လို့ သတင်းထွက်လာပါတယ်။
ဒီယက်ဇ်ဟာ ဒီနွေမှာ အသင်းပြောင်းလိုကြောင်း လီဗာပူးတာဝန်ရှိသူတွေကို အသိပေးထားပြီး မှန်ကန်တဲ့ ကမ်းလှမ်းမှုရရင် နားထောင်ပေးစေချင်တဲ့ သဘောထား ပြသထားပါတယ်။
ကွမ်းဆက်ကို ရောင်းချထားတဲ့ လီဗာပူးအသင်းဟာ ပဲလေစ့်ခံစစ်မှူး ဂူဟီကို ခေါ်ယူရေး အလေးအနက် အားထုတ်မှု ငြိမ်သက်နေပါတယ်။