

အီကီတီကီကို ခေါ်ယူရေး အရေးသာနေပေမယ့် လီဗာပူးအသင်းဟာ အီဆက်ကို ခေါ်ယူခွင့်အတွက် လမ်းမပိတ်ထားဘဲ နယူးကာဆယ်ဘက်က ဆုံးဖြတ်လာမှာကို စောင့်ပေးနေပါတယ်။
ဘိုင်ယန်မြူးနစ်က အရေးသာစပြုလုပ်နေတဲ့ ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း ကြိုးစားနေသေးပေမယ့် ကလပ် နှစ်သင်းလုံးဟာ လီဗာပူးလိုချင်တဲ့ ပမာဏမျိုးကို မပေးနိုင်ကြသေးပါဘူး။
ဘိုင်ယန်မြူးနစ်ဘက်က ဒီယက်ဇ်ကို လီဗာပူးမှာရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ထက် ပိုများတဲ့ တစ်ပတ် ပေါင် ၂၃၃၀၀၀ ပေးမယ်လို့ ကြိုတင် ညိနှိုင်းနေပါတယ်။
နော်တင်ဟမ် ဖောရက်စ်ဘက်က ဗန်ဒုတ်ကို ခေါ်ယူရေး ကြိုးစားမှုတွေ ရှိလာနေကော ပေါင် ၂၅ သန်း ဝန်းကျင်ရမယ်ဆိုရင် လီဗာပူးဘက်က ကမ်းလှမ်းမှုကို နားထောင်ပေးဖွယ် ရှိပါတယ်။
ရိုဒရီဂိုကို အင်္ဂလန်ဘက်က စိတ်ဝင်စားမှုရှိနေတဲ့နောက် ဘရာဇီးတိုက်စစ်သမားကို ယူရို သန်း ၁၀၀ ဝန်းကျင်ဖြင့် ရောင်းထုတ်မယ် ရီးရဲလ်မက်ဒရစ်ဘက်က စျေးခေါ်နေပါတယ်။
လီဗာပူးအသင်းရဲ့ စီနီယာလူစာရင်းထဲမှာ ကျောနံပါတ် ၂၀ နဲ့အတူ ဂျိုတာကို ထည့်သွင်းထားဆဲဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဝုဗ်ကနေ ပေါင် ၈ သိန်းဖြင့် ခေါ်ယူခဲ့တဲ့ ခံစစ်သမား အပါအဝင် အသက် ၁၈ နှစ်အောက် လူငယ် ၁၀ ဦးကို စကော်လာရှစ်တွေပေးကာ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပြီးခါနီးမှာ ဒဏ်ရာပြဿနာတွေကြောင့် ချန်လှပ်ခံထားရတဲ့ မာကာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်စဝင်နေပြီဖြစ်ပါတယ်။
လူငယ်အသင်းမှာ ကောင်းလွန်းလို့ အခြားအသင်းတွေ မမြင်အောင် သူ့ရဲ့ ဗီဒီယိုကလစ်မှန်သမျှ ဖယ်ထုတ်ခံခဲ့ရတဲ့ ရီယိုဟာ ရာသီကြိုမှာတော့ စီနီယာအသင်းနဲ့အတူ ပါဝင်ခွင့်ရနေကာ လာမယ့်ရာသီ အခွင့်အရေးရဖွယ် ရှိပါတယ်။