NEWS: ဟူဂို အီကီတီကီအတွက် ကလပ်စံချိန်တင်ကြေး နီးပါးဖြင့် ကမ်းလှမ်းပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဖရန့်ဖတ် တိုက်စစ်မှူး ဟူဂိုအီကီတီကီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်း (ယူရို သန်း ၈၀) ပြင် ထပ်တိုးကြေးတွေဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဘက်က ကမ်းလှမ်းတဲ့ ပမာဏဟာ ကနဦး ပေါင် ၆၉ သန်း၊ ထပ်တိုးကြေး ပေါင် ၉ သန်းပါဝင်မယ့် စုစုပေါင်း ပေါင် ၇၈ သန်း (ယူရို သန်း ၉၀) ဝန်းကျင်ဖြစ်မယ်လို့ Sky Sports က ဆိုပါတယ်။ ထပ်တိုးကြေးကိစ္စတော့ ညိနှိုင်းနေပါသေးတယ်။

အီကီတီကီကို ရောင်းချမှုဟာ ထပ်တိုးကြေးတွေ အားလုံးအပြီးဆိုရင် ဖရန့်ဖတ် အသင်းသမိုင်းမှာ စျေးအကြီးဆုံး ရောင်းချမှုဖြစ်ခဲ့တဲ့ မူအာနီရဲ့ ယူရို ၉၅ သန်းကို ကျော်လွန်နိုင်မယ်လို့လည်း ခန့်မှန်းနေကြခြင်းက စျေးနှုန်းပိုင်း အပြောင်းအလဲ ရှိနိုင်တဲ့ သဘောတရားကို မြင်သာစေပါတယ်။

ကလပ်နှစ်သင်းကြား ၄၈ နာရီကြာ ညိနှိုင်းမှုအပြီး လီဗာပူးက အီကီတီကီကို စိတ်ဝင်စားမှုအား ဒီအပတ်အစောပိုင်းမှာ ပြသလာခဲ့ပါတယ်။ ပြင်သစ်သား ကိုယ်တိုင်ကလည်း လီဗာပူးထံ ပြောင်းလိုခြင်းနဲ့အတူ နယူးကာဆယ်ရဲ့ ချိတ်ဆက်မှုကို ငြင်းဆန်သွားခဲ့တယ်။

လီဗာပူးရဲ့ ယူရို သန်း ၉၀ တန် ကမ်းလှမ်းမှုကို ဖရန့်ဖတ်ဘက်က တုန့်ပြန်ခြင်း မရှိသေးပေမယ့် ကလပ်တွေကြား စကားပြောမှုဟာ အကောင်းမြင်နိုင်ပြီး တိုးတက်မှုလည်း ရှိနေပါတယ်။

ဖရန့်ဖတ်ဟာ စနေနေ့တုန်းက ယှဉ်ပြိုင်ကစားတဲ့ ရာသီကြိုပွဲမှာ အီကီတီကီကို အသုံးမပြုခဲ့ဘဲ အရန်ခုံမှာ ထိုင်စေခဲ့ပြီး ပွဲအပြီးမှာတော့ ပြင်သစ်သား ထွက်ခွာနိုင်ချေ ရှိကြောင်းကိုလည်း ဝန်ခံသွားခဲ့ပါတယ်။