

လူငယ်တန်းမှာ ဂိုးပေါင်း ၅၀ သွင်းယူခဲ့တဲ့ တိုက်စစ်သမား ဝဲလ်ရိုက်ဟာ အာဆင်နယ်ကို ပယ်ချပြီး လီဗာပူးထံ ပြောင်းလာတော့မှာ ဖြစ်ပါတယ်။
ဗန်ဒိုက်၊ ဆာလာတို့ဟာ လီဗာပူးအသင်းရဲ့ ဂျာစီစပွန်ဆာအသစ် ဖြစ်လာမယ့် adidas အတွက် အင်တာဗျူးတွေ ပြုလုပ်နေပါပြီ။
ဒီယက်ဇ်မရှိတော့ပေမယ့် နူမိုဟာကို ဂက်ပိုရဲ့ အရန်ထားခြင်းက ဘယ်ခြမ်းအတွက် လုံလောက်စေမယ်လို့ လီဗာပူးဘက်က မြင်ပါတယ်။
လေ့ကျင့်ရေး ပြန်ဝင်နေပြီဖြစ်တဲ့ မာကာကတော့ ကစားသမားသစ်တွေရဲ့ အရည်အချင်းကို သဘောကျ ကျေနပ်နေပါတယ်။
လီဗာပူးအသင်းဟာ လာလီဂါကလပ် ဂီတာဖေးအသင်းကို ဝယ်ယူဖို့ ကလပ် ဥက္ကဋ္ဌနဲ့ စကားပြောဆိုမှု ပြုလုပ်နေပါတယ်။
ခီယေဆာဟာ စီးရီးအေကို ပြန်လိုပေမယ့် အတ္တလန်တာဘက်က ကမ်းလှမ်းလာမှာကို စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။
ဂျပန်ကလေ့ကျင့်ရေးတွေမှာ လီဗာပူးအသင်းဟာ တိုက်စစ်သမား ၂ ဦးတွဲ ပုံစံအတွက် လေ့ကျင့်နေသလို တည်ကန်ဘောကို အထူးဂရုပြု လေ့ကျင့်နေပါတယ်။ လီဗာပူးရဲ့ တည်ကန်ဘောဟာ ခုခံဖို့ထက် ထိုးစစ်အတွက် လေ့ကျင့်နေတာပါ။
ယိုကိုဟားမားနဲ့ ချစ်ကြည်ရေးပွဲမှာ လီဗာပူးအသင်းဟာ ၄-၂-၃-၁ ကစားကွက်ကိုပဲ အဓိက ခင်းကျင်းမှာဖြစ်ကာ ဗက်ဇ်က ကွင်းလယ်တိုက်စစ်ကနေ ပါဝင်မှာဖြစ်ပြီး အီကီတီကီ ပွဲကစားခွင့်ရမယ်လို့ အသံထွက်နေပါတယ်။
ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာ လီဗာပူး ကွင်းလယ်လူ မော်တန်ကို ခေါ်ယူဖို့ ချိတ်ဆက်ပေမယ့် ပေါင် ၁၀ သန်းထက် ပိုပေးမှာ မဟုတ်ပါဘူး။