ဗစ် ကျောနံပါတ် ၇ ဝတ်ဖွယ်ရှိခြင်း၊ ဂျာစီသစ် မိတ်ဆက်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ adidas နဲ့ တရားဝင် ပြန်လက်တွဲပြီဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ဂျာစီသစ်ကို မိတ်ဆက်မှာဖြစ်ပါတယ်။

လီဗာပူးရဲ့ adidas စာချုပ်ဟာ ပြီးခဲ့တဲ့ Nike နဲ့စာချုပ်ထက် ပိုကောင်းတဲ့ ခံစားခွင့်တွေ ပါဝင်မယ်လို့ သတင်းထွက်နေကာ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ကွင်းလယ်လူ ဗစ်ဟာ ဒီကနေ့မှာပဲ လီဗာပူးဂျာစီသစ်နဲ့အတူ သူ့ရဲ့ တရားဝင် ကျောနံပါတ်အဖြစ် အနီရောင် နံပါတ် ၇ ကို ရွေးချယ်မယ်လို့ သတင်းကြီးနေပါတယ်။

နောက်အပတ်မှာတော့ ဗစ်ဟာ လေဗာကူဆင်ကို တရားဝင် နှုတ်ဆက်ခြင်းလုပ်ဖို့ ဂျာမာန်ကို ပြန်သွားမယ်လို့ သိရပါတယ်။

လီဗာပူးအသင်း ဘယ်တောင်ပံအတွက် ဂက်ပိုနဲ့အတူ နူမိုဟာကို ရွေးချယ်စရာအဖြစ် အာနယ် ဆလော့က ထုတ်ပြောပါတယ်။

ဘိုင်ယန်မြူးနစ်ကို ပြောင်းသွားတဲ့ ဒီယက်ဇ်ကို ဂျာမာန်လိဂ်နဲ့ ပတ်သက်လို့ ဗစ်က အကြံကောင်းအချို့ ပေးခဲ့တယ်လို့ ကိုလံဘီယာတိုက်စစ်မှူးက ထုတ်ပြောပါတယ်။

လီဗာပူးနဲ့ အီဆက်ကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်းနဲ့ လီဗာပူးဘက်က တိုက်စစ်သမားအတွက် ပေါင် ၁၂၅ သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းမယ်လို့ အင်္ဂလန်ပြင်ပ သတင်းထောက်တွေက ပြောပါတယ်။

အီဆက်ဟာ စပိန်မြေမှာ အထူးနည်းပြနဲ့အတူ လေ့ကျင့်ရေးဝင်နေပြီး လီဗာပူးထံ ပြောင်းနိုင်ရေးကို အားထုတ်နေပါတယ်။

ယူ-၂၁ အသင်းမှာ ပြန်ကစားနေတဲ့ ဒန့်စ်ဟာ Lens ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူသွားပါတယ်။

ပရီးမီးယားလိဂ်ဘောလုံးရာသီ အဖွင့်ပွဲမှာ နည်းပြအာနယ် ဆလော့ဟာ ခံစစ်တန်းအဖြစ် အယ်လီဆန်၊ ဘရတ်ဒလေ၊ ကိုနတေး၊ ဗန်ဒိုက်၊ ကာကက်ဇ်တို့ကို ရွေးချယ်မယ်လို့ အသံထွက်နေပါတယ်။