အပြောင်းအရွှေ့ ညိနှိုင်းမှုအချို့နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးအသင်းနဲ့ ဆော်ဒီကလပ် Al Hilal အသင်းတို့ဟာ ဒါဝင် နူးညက်စ်ရဲ့ အပြောင်းအရွှေ့အတွက် စကားပြောမှုလုပ်နေပေမယ့် သဘောတူညီမှု မရသေးပါဘူး။

လီဗာပူးအသင်းဟာ ဒါဝင်အတွက် ပေါင် သန်း ၇၀ ရလိုနေတာဖြစ်ပြီး ဆော်ဒီဘက်ကတော့ ပေါင် သန်း ၆၀ မကျော်တဲ့ ပမာဏမျိုးနဲ့ စကားပြောနေတာလို့ နားလည်ရပါတယ်။

လီဗာပူးအသင်းဟာ Adidas နဲ့ ၂၀၃၅ ခုနှစ်ထိ လက်တွဲမယ့် ၁၀ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ မကြာခင်မှာ တတိယဂျာစီကို မိတ်ဆက်ပေးလာပါမယ်။

အီဆက်အတွက် လီဗာပူးဘက်က ဒုတိယမြောက် ကမ်းလှမ်းမှု မလုပ်ဘူးလို့ မာဆေးဆိုဒ် သတင်းထောက် အချို့က ဖော်ပြနေပြီး အချို့ကလည်း လုံးဝကြီး နောက်ဆုတ်လိုက်တဲ့ အခြေအနေ မဟုတ်ဘူးလို့ ဖော်ပြနေပါတယ်။

စပိန်ကနေ အင်္ဂလန်ကို ပြန်လာတော့မယ့် အီဆက်ဟာ အနာဂတ်ကိစ္စ မသေချာသေးချိန်အတွင်း နယူးကာဆယ်နဲ့ လေ့ကျင့်ရေး ပြန်ဝင်သွားမှာဖြစ်ပါတယ်။

လိုင်ယွန်အသင်းဟာ ကွင်းလယ်လူ မော်တန်ကို ခေါ်ယူရေးအတွက် လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဝန်းကျင် အပြင် အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၂၀% ခံစားခွင့်ပေးမယ့် စာချုပ်ဖြင့် ညိနှိုင်းမှု အဆင်ပြေနေပါပြီ။

ဘရိုက်တန် ကွင်းလယ်လူ ဂျိမ်းမီလ်နာဟာ လာမယ့်ရာသီမှာ ကျောနံပါတ် ၂၀ ကို ဝတ်ဆင်ကစားပါမယ်။ ဒါဟာ သူ့ရဲ့အသင်းဖော်ဟောင်း ဂျိုတာကို အမှတ်ရစေလိုတာကြောင့် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လစ်လပ်နေတဲ့ ယူ-၁၈ အသင်းရဲ့ နည်းပြနေရာကို ဆဲလ်ဖိုဒ့်စီးတီး နည်းပြဟောင်း Simon Wiles ဖြင့် အစားထိုးခဲ့ပါပြီ။