

လီဗာပူးအသင်းဟာ ဘီဘာအိုကို ၃-၂ ဖြင့် အနိုင်ရတဲ့ ဒုတိယခြေစမ်းပွဲမှာ တိုက်စစ်သမားသစ် ဝဲလ်ရိုက်ကို ထည့်ကစားပြီး မိတ်ဆက်ပေးခဲ့ပါတယ်။
တိုက်စစ်မှူးသစ် ဟူဂိုရဲ့ အသင်းဖော်တွေနဲ့အတူ တွဲဘက်ကစားနိုင်စွမ်းဟာ အထင်ကြီးဖွယ် ဖြစ်ခဲ့ပြီး သူဟာ ဒါဝင်နေရာ အဆင့်မြင့်ခြင်းဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။
လက်ရှိ လူစာရင်းအရ အီဆက်ကို ခေါ်ယူခြင်းထက် ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးက ပိုလို့တောင် အရေးကြီးနေပြီဖြစ်ကြောင်း ထောက်ပြသံတွေ ဆူညံလာပါတယ်။
ဗန်ဒိုက် ဖျားနေချိန် လီဗာပူးခံစစ်မှာ ကိုနတေး တစ်ဦးတည်း အမာခံ ကစားသမားအဖြစ် ကျန်ရှိနေပြီး ရိုဘိုနဲ့ အန်ဒိုတို့က ခံစစ်မှူးတွေအဖြစ် အားဖြည့် ကစားနေခဲ့ရပါတယ်။
အာနယ် ဆလော့ရဲ့ နည်းစနစ်မှာ ဗစ်ဟာ ကွင်းလယ် နံပါတ် ၁၀ သမားအဖြစ်ပဲ တာဝန်ယူမယ့်သူဖြစ်ကြောင်း ရာသီကြို ခြေစမ်းပွဲတွေက သက်သေထူခဲ့ပါပြီ။ ဆိုဘိုစလိုင်ဟာ နံပါတ် ၈ သမားအဖြစ် တောက်ပနေပြီး ကွင်းလယ်သမား ၄ ဦးကြား နေရာပြိုင်ဆိုင်မှုက အားကောင်းလာဖို့ ရှိနေပါတယ်။
အပြောင်းအရွှေ့သတင်း ကျယ်ပြန့်နေချိန်မှာတောင် ကစားရတဲ့ မိနစ်တိုင်း အသင်းအတွက် ကြိုးစားအားထုတ်ပေးနေတဲ့ ဒါဝင်ရဲ့ ပရိုဆန်မှုကို လီဗာပူးပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။
ဗန်ဒိုက် အဖျားကနေ ပြန်သက်သာလာရင် ပွဲကစားပေးနိုင်မှာဖြစ်ပေမယ့် ဘရတ်ဒလေနဲ့ ဂိုးမက်စ်တို့ဟာ လာမယ့် တနင်္ဂနွေနေ့ ဝင်ဘာလေပွဲကို ပါနိုင်ဖို့က မသေချာသေးပါဘူး။
တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်း ယှဉ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်လိုတယ်၊ အနိုင်ရလိုတယ်လို့ တိုက်စစ်မှူး ဟူဂိုက ထုတ်ပြောသွားပါတယ်။
၂၀၂၅ ရာသီကြိုမှာတော့ လီဗာပူးပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို သိမ်းကြုံးပိုင်ဆိုင်ခဲ့သူဟာ ဘယ်တောင်ပံသမား နူမိုဟာပဲဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေက ဒီကောင်လေး စီနီယာအဆင့်မှာ ပွဲချိန်တွေ ပိုရဖို့ ဆုတောင်းပေးနေကြပါပြီ။