

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဂူဟီအတွက် ကြိုးစားမှုလုပ်ဖို့ ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်ကို ပေါင် သန်း ၄၀ အောက်ဖြင့် ရနိုင်ရေး အားထုတ်ပါမယ်။
အီတလီခံစစ်မှူး လီယိုနီကို ပြီးခဲ့တဲ့ရာသီ ပါးမားအသင်းနဲ့ သူနဲ့လက်တွဲခဲ့တဲ့ နည်းပြ Chivu ကလည်း အင်တာမီလန်ထံ ခေါ်ယူလိုနေပါတယ်။ အင်တာဘက်ကတော့ လီဗာပူးကပေးမယ့် ပွဲချိန်ထက် ပိုပေးနိုင်မယ့် မက်လုံးမျိုး ပေးဖွယ်ရှိပါတယ်။
ကြာသပတေးနေ့ လီဗာပူးအသင်းရဲ့ အသင်းလိုက် လေ့ကျင့်ရေးမှာ ဗန်ဒိုက် ပြန်ပါလာပြီး ဘရတ်ဒလေနဲ့ ဂိုးမက်စ်တို့ မပါနိုင်သေးပါဘူး။ သူတို့နှစ်ဦးဟာ ပဲလေစ့်နဲ့ ကွန်မြူနတီဒိုင်းပွဲကို လွဲဖို့ရှိပါတယ်။
အာနယ်ဆလော့ဟာ လီဗာပူးအသင်းကို ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်းဖြင့် ပေါက်ကွဲကစားမှုကနေ သွေဖယ်ပြီး ပိုမိုထိန်းချုပ်နိုင်စွမ်း၊ တိကျစွာ လွှမ်းမိုးကစားနိုင်စွမ်းတွေဖြင့် အသွင်းပြောင်းနေမှုဟာ အံဝင်အဆင်ပြေနေပြီလို့ သိရပါတယ်။
လီဗာပူးအသင်း လေ့ကျင့်ရေးကနေ ပျံ့နှံ့နေတဲ့ စကားလုံး ၃ ခုကတော့ ဘောလုံးပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်မှု၊ ကစားကွက်တည်ဆောက်မှု၊ သတ်မှတ်ထားတဲ့ နယ်ပယ်တွေမှာ တိကျစွာကစားနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒါဝင် နူးညက်စ်ကို ခေါ်ယူရာမှာ နည်းပြကလော့ပ်ဟာ ဒေတာထက်စာရင် အန်ဖီးကွင်းမှာ ဘင်ဖီကာနဲ့အတူ ပြသခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကို မျက်မြင်ကြည့်ပြီး နှစ်သက်ခဲ့တာလို့ ဆိုပါတယ်။
ဖာမင်နိုနဲ့ ကစားဟန်ကွဲပြားလွန်းတဲ့ ဒါဝင်ကို နည်းပြဟောင်း ကလော့ပ်ရဲ့ ဆန္ဒအတိုင်း ခေါ်ယူဖို့မှာ လီဗာပူးဒေတာအဖွဲ့က အတော်လေး ခေါင်းစားခဲ့တာပါ။ ကလော့ပ်ကလည်း ဗန်ဒိုက်၊ အယ်လီဆန်တို့လို စီနီယာတွေထံကနေ ဒါဝင်အပေါ် အမြင်တွေကို တောင်းခံခဲ့ပြီး ဗန်ဒိုက်ထံက ရင်ဆိုင်ရခက်လွန်းတဲ့ တိုက်စစ်မှူးလို့ ထောက်ခံခြင်းဟာ ကလော့ပ်ရဲ့ ဆန္ဒကို ပိုမို ထက်သန်စေခဲ့ပါတယ်။
ဒီနွေစျေးကွက်မှာ နယူးကာဆယ်က တိုက်စစ်မှူးသစ်ရသည်ဖြစ်စေ မရဘူးဖြစ်စေ လီဗာပူးကတော့ အီဆက်အတွက် ကြိုးစားမှု ထပ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။
ပရီးမီးယားလိဂ်ထံ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက်ဟာ ဗန်ဒုတ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်လာနေပြီး လီဗာပူးဘက်ကတော့ ပေါင် သန်း ၂၀ ဝန်းကျင်ဖြင့် ရောင်းချလိုကာ အဲ့စျေးမရရင် ဆာလာရဲ့ အရန်အဖြစ် ဆက်ထိန်းထားဖို့ ပြဿနာ မရှိပါဘူး။