ဗန်ဒိုက်ရဲ့ ဝန်ခံချက်၊ လူသစ်ခေါ်ယူရေး အားထုတ်နေဆဲ၊ ကာကက်ဇ် ကျောနံပါတ် ၆ ရွေးချယ်ရခြင်း အကြောင်းရင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီရက်ပေါင်း ၂၀ အတွင်းမှာ လီဗာပူးအသင်းဟာ ဂူဟီနဲ့ လီယိုနီတို့ နှစ်ဦးထဲက အနည်းဆုံး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေပြီး အသင်းဟာ ခံစစ်အတွက် အလေးအနက် အားထုတ်မှုတွေ လုပ်ဆောင်လာနေပါတယ်။

အသက် ၁၈ နှစ်အရွယ် လီယိုနီဟာ ဒီနွေမှာ လီဗာပူးထံ ပြောင်းလာခဲ့ရင် နောက်ထပ် ၃ ရာသီအကြာမှာတော့ homegrown ကစားသမားအဖြစ် နာမည်စာရင်း ပါဝင်နိုင်မယ့် အနေအထား ရှိနေပါတယ်။

ပဲလေစ့်ဥက္ကဋ္ဌကတော့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ခံစစ်မှူး ဂူဟီကို ဒီနွေစျေးကွက်မှာ ရောင်းထုတ်ဖွယ်ရှိကြောင်းကို ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အီဆက်ကို ခေါ်ယူလိုနေဆဲဖြစ်ကာ အကယ်လို့ ဆွီဒင်တိုက်စစ်သမားကို မရခဲ့ရင်တော့ တောင်ပံသမားတစ်ဦးဦးကို ခေါ်ယူရေး အားထုတ်လာဖွယ် ရှိနေပါတယ်။

နယူးကာဆယ်ဘက်က အီဆက်အတွက် ပေါင် သန်း ၁၅၀ ရလိုပေမယ့် လီဗာပူးဘက်က ပေါင် သန်း ၁၃၀ ထက် ပိုပေးဖွယ် မရှိပါဘူး။

ပဲလေစ့်ပွဲမှာ ဟူဂိုရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြအဖွဲ့က သဘောကျမှုရှိထားပြီး ဘုန်းမောက်ပွဲမှာ ပွဲထွက်နေရာက ထုတ်သုံးဖို့ အစီအစဉ်ရှိပါတယ်။

အဖျားကြောင့် ဒီကြားထဲ အနားယူခဲ့ရတဲ့ ဗန်ဒိုက်က သူ့အနေနဲ့ ပိုကျန်းမာလာဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝရေး အားထုတ်ရန် လိုအပ်နေကြောင်း ဝန်ခံသွားပါတယ်။

ငယ်စဉ်တုန်းက ဂျရတ်ခေတ် လီဗာပူးကို ကြည့်ရှုအားပေးခဲ့ဖူးပြီး ဘယ်အစွန်လူဟောင်း ရီဆားက နံပါတ် ၆ ဝတ်ခဲ့တာမို့ ဒီနံပါတ်ကို ရယူခွင့်ရှိနေချိန် ရွေးချယ်လိုက်တာပါလို့ ကာကက်ဇ်က ပြောပါတယ်။

အချက်အလက်ဆိုင်ရာ ဝဘ်ဆိုဒ်တွေကတော့ ပဲလေစ့်ပွဲမှာ ဗစ်ရဲ့ စွမ်းဆောင်ရည်ဟာ ပြိုင်ဘက် ဧရိယာထိပ်ဘက်ခြမ်းမှာ ကောင်းမွန်တဲ့ ဒေတာတွေကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။