

လီဗာပူးအသင်းဟာ လီယိုနီကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဒီရာသီ အာနယ် ဆလော့ရဲ့ လူစာရင်းအတွက် အသုံးပြုဖို့ဖြစ်ကာ အငှားပြန်ချပေးဖို့ အစီအစဥ် မရှိပါဘူး။
လီဗာပူးနဲ့ လီယိုနီကြား စကားပြောမှုက အကောင်းမြင်စရာ အခြေအနေဖြစ်ပြီး ပါးမားဘက်က ယူရို သန်း ၃၀ အပြင် ထပ်တိုးကြေး ရလိုပါတယ်။
ဂူဟီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ကိုယ်စားပြုနိုင်ရေး ပွဲကစားချိန် လိုချင်နေပါတယ်။ လီဗာပူးနဲ့ ပဲလေစ့်ကြား စကားပြောမှုကတော့ တိုးတက်မှုရှိနေကာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဝန်းကျင် ကျသင့်နိုင်ပါတယ်။
လီဗာပူးအသင်းဟာ ခံစစ်မှူး နှစ်ဦးလုံးကို ခေါ်ယူလို့ရနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ကာ အားနည်းနေတဲ့ ခံစစ်မှာ ရွေးချယ်စရာတွေ ပိုထည့်သွင်းနိုင်မယ် မျှော်လင့်ထားပါတယ်။
နယူးကာဆယ်ဟာ အီဆက်အတွက် ပေါင် သန်း ၁၅၀ ထိ ရလိုနေပြီး အဆိုပါ ပြောင်းရွှေ့ကြေး ရနိုင်ဖွယ် မရှိဘူးလို့ အွန်စတိုင်းက ပြောပါတယ်။ လီဗာပူးဘက်က ပေါင် သန်း ၁၂၀ ဝန်းကျင်ပဲ ပေးလိုပါတယ်။
လီဗာပူးအသင်းရဲ့ ကစားသမား ရောင်းချရေး စကားပြောနေမှု ကိစ္စတွေ တိုးတက်မှုမရှိသေးတာကြောင့် ဟာဗေးနဲ့ ကိုစတက်တို့ရဲ့ အနာဂတ်က မသေချာသေးပါဘူး။
တိုက်စစ်သမား အများအပြားကို လက်လွတ်ထားရသလို အီဆက်ကို မရသေးတဲ့နောက် လီဗာပူးအသင်းဟာ ခီယေဆာကို အသင်းမှာ ဆက်ထိန်းထားပြီး အထောင်တိုက်စစ်နေရာအတွက် အသုံးပြုဖို့ကို ပလန်တစ်ခုအဖြစ် စဉ်းစားနေပါတယ်။
လူငယ်အစွန်လူ လူကာ စတီဖန်ဆန်ဟာ အသင်းနဲ့ ကာလရှည် သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီး အငှားထွက်သွားပြီဖြစ်ပါတယ်။