ဂူဟီအတွက် ပြောင်းရွှေ့ကြေးစျေးကွာနေ၊ ပွဲစဉ် ၁ ဝင်ကစားမှာ မဟုတ်တဲ့ အီဆက်၊ လီယိုနီကိစ္စ ၄၈ နာရီအတွင်း ကြေညာနိုင်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

နယူးကာဆယ်ဟာ သူတို့ အီဆက်ကို ရောင်းမလား မရောင်းဘူးလားဆိုတာကို ခပ်မြန်မြန် ဆုံးဖြတ်ရပါတော့မယ်။ နယူးကာဆယ်ဟာ အခုချိန်ထိ တိုက်စစ်မှူးသစ် ရှာမရသေးပါဘူး။

အီဆက်က ဒီအပတ် ဗီလာနဲ့ပွဲကို ဝင်ကစားပေးမှာ မဟုတ်ဘဲ ပွဲစဉ် ၂ အဖြစ် လီဗာပူးနဲ့ပွဲမှာလည်း နယူးကာဆယ်အတွက် ပါဝင်သွားဖွယ် မရှိပါဘူး။

လီဗာပူးနဲ့ ပဲလေစ့်ကြားမှာ ဂူဟီအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။ နှစ်သင်းကြားစျေးနှုန်းသတ်မှတ်ချက် တော်တော်လေးကို ဟနေတာကြောင့် နောက်နှစ်နွေမှပဲ ဂူဟီအလွတ်နဲ့ထွက်တာမျိုးလည်း ဖြစ်လာဖွယ် ရှိနေဆဲပါ။

ပဲလေစ့်ဟာ အီဇီကို လက်လွတ်ရရင် ပြန်အစားထိုးဖို့ ဟာဗေးကို ချိန်ရွယ်နေပြီး ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့်ရနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဟူဂိုကို နံပါတ် ၉ သမားအဖြစ် မြင်ထားပေမယ့် လိုအပ်လာရင် ဘယ်တောင်ပံသမားအဖြစ်ကော အခြားသော နံပါတ် ၉ သမားနဲ့ပါ တွဲကစားနိုင်သူဖြစ်တာမို့ တိုက်စစ်သမား ၁ ဦး ထပ်ခေါ်ပေးဖို့ လီဗာပူးအသင်းကို နည်းပြဆလော့က တိုက်တွန်းပါတယ်။

လီဗာပူးကို အီဆက်ရောက်သွားရင် ပရီးမီးယားလိဂ်ချန်ပီယံတွေက ရပ်တန့်မရဖြစ်သွားနိုင်တယ်လို့ ယူနိုက်တက်နဲ့ အဲဗာတန်ကစားသမားဟောင်း ဝိန်းရွန်းနီက မှတ်ချက်ပေးပါတယ်။

ခံစစ်မှူး လီယိုနီဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်မှုအောင်မြင်ထားပြီဖြစ်ကာ ဒီကနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ တရားဝင် ကြေညာမှု ထွက်ရှိလာနိုင်ပါတယ်။

အာနယ် ဆလော့ဟာ ကလယ်ဟာနဲ့ ကွမ်းဆက်တို့ကို အသင်းမှာ ဆက်ရှိဖို့ရာ ကြိုးစားခဲ့သေးပေမယ့် ပုံမှန်ပွဲကစားခွင့် မရခြင်းဟာ ကစားသမားတွေကို သူတို့ရဲ့အနာဂတ်အတွက် စဉ်းစားဖို့ဖြစ်စေခဲ့ပါတယ်။

မက်ဆီ၊ ရော်နယ်ဒိုနဲ့ မိုဆာလာတို့ ကမ္ဘာ့အဆင့်မှာ ကာလရှည် ရပ်တည်နေနိုင်တဲ့ အဓိက အချက်က အမြဲတမ်း ကြံ့ခိုင်နေမှုဖြစ်ပြီး အကောင်းဆုံးတစ်ဦးဖြစ်လို့ရင် ဗစ်ဟာ အဲ့လို ကြံ့ခိုင်နိုင်စွမ်းကို အရင်လုပ်ပြရမယ်လို့ အာနည် ဆလော့က အသိပေးပါတယ်။

မာကာက သူ့ရဲ့ ပထမဆုံးဘောလုံးရာသီ ရာသီအဖွင့်ပွဲအဖြစ် လူတန်ကို သရေကျခဲ့ချိန်မှာ အဝတ်လဲခန်းအတွင်း ကလော့ပ်က “ငါ့ရဲ့ အရင်ကွင်းလယ်အဟောင်းနဲ့တောင် ဒီအသင်းတော့ နိုင်တယ်” လို့ mind game လုပ်ခဲ့တာက တော်တော်ထိတယ်လို့ ပြောပြခဲ့ပါတယ်။