ဂျိုတာပုံစံ အောင်ပွဲခံတဲ့ ဒီယက်ဇ်၊ ပရီးမီးယားလိဂ် စည်းမျဉ်းသစ် အသက်ဝင်ခြင်း၊ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဘိုင်ယန်မြူးနစ်အသင်းမှာ ဂိုးသွင်းခဲ့တဲ့ ဒီယက်ဇ်ဟာ ဂျိုတာရဲ့ အောင်ပွဲခံမှုကို ပြန်လုပ်ပြီး သူ့ရဲ့ အောက်မေ့သတိရမှုကို ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဂိုးသမားတစ်ယောက်က ၈ စက္ကန့်ထက် ဘောလုံးပိုကိုင်ထားရင် ထောင့်ကန်ဘော ပေးရမှု စပါးပွဲမှာ စတင် မြင်တွေ့ခဲ့ရပါတယ်။

နည်းပြအတ်ဒီဟောင်က အီဆက်ရဲ့ အပြောင်းအရွှေ့ ကိစ္စ အမြန်ဆုံး အပြီးသတ်တာမျိုး ဖြစ်စေချင်တယ်လို့ ထုတ်ပြောပါတယ်။

ဘုန်းမောက်ပွဲမှာ ဗစ်ဟာ ဘောလုံးဆုံးရှုံးမှု များပြားခဲ့ပေမယ့် လှုပ်အားနှုန်းနဲ့ တာတိုပြေးမှုတွေမှာတော့ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။

အသင်းဟောင်း ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ မီလိုစ့်ကာကက်ဇ်ရဲ့ တိုက်ခိုက်လိုစိတ်ပြင်းပြတဲ့ ကစားဟန်ကို သဘောကျမှုတွေရှိကြပေမယ့် ရဲတင်းမှုတွေကို လျော့ချပြီး ပိုဦးနှောက်သုံးကစားဖို့ ထောက်ပြမှုတွေ ရှိပါတယ်။

ကာကက်ဇ်ဟာ ဆီမီညိုနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ကာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှု ၁၀ ကြိမ်မှာ ၆ ကြိမ်ထိ အရေးမသာခဲ့ပေမယ့် ဘောလုံးပေးမှုပိုင်း တိကျနှုန်းဟာ ၉၃% ထိရှိခဲ့ပါတယ်။

ခံစစ်အတွက် လူသစ်ခေါ်ယူခြင်းဟာ အသင်းကို ပိုတိုးတက်လာစေနိုင်ကြောင်း ဗန်ဒိုက်က ဝန်ခံပါတယ်။ အသင်းခေါင်းဆောင်နဲ့ ကိုနတေးအတွဲဟာ ရာသီစမှာတင် ဝေဖန်ထောက်ပြခံရမှုအချို့ ရရှိနေပါတယ်။

လီဗာပူးအသင်းဟာ ဂူဟီကို ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားမှာဖြစ်ကာ အဆင်မပြေခဲ့ရင်တော့ နောက်နှစ်နွေမှပဲ အလွတ်ဖြင့်ရနိုင်ရေး ညိနှိုင်းဖွယ်ရှိပါတယ်။

ဘုန်းမောက်ပွဲမှာ အစွန်သမားတွေ ရှေ့တက်လွန်းပြီး အသင်းရဲ့ ခံစစ် ဟာကွက်တွေများခဲ့ကြောင်း ကာရေဂါရဲ့ ထောက်ပြချက်ကို နည်းပြအာနယ် ဆလော့က အပြည့်အဝ သဘောမတူခဲ့ပါဘူး။

မကြာခင် အသက် ၁၇ ပြည့်တော့မယ့် နူမိုဟာက ကြံ့ခိုင်မှုကောင်းကို ထိန်းသိမ်းကာ လေ့ကျင့်ရေးကွင်းမှာ စီနီယာတွေထံက အကောင်းဆုံး သင်ယူပြီး လီဗာပူးအတွက် အကျိုးဖြစ်စေမယ်လို့ အဝတ်လဲခန်းထံက မျှော်လင့်မှုတွေရနေပါတယ်။