ဂူဟီမဟုတ်တဲ့ ခံစစ်မှူးသစ် ထပ်ရှာနေခြင်း၊ ကစားသမားရောင်းချမှုကနေ သန်း ၂၀၀ ကျော် ပြန်ရလာနေခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ချယ်ဆီးကို သရေကျတဲ့ပွဲအပြီး ပဲလေစ့်နည်းပြနဲ့ အသင်းခေါင်းဆောင် ဂူဟီတို့ဟာ လက်ဆွဲနှုတ်ဆက်ခဲ့ကြခြင်း မရှိပါဘူး။ ဂူဟီက နည်းပြရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ကာ အဝတ်လဲခန်းထဲ ဝင်သွားခဲ့တာပါ။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဂူဟီကို ခေါ်ယူနိုင်ရေး ကြိုးစားနေဆဲဖြစ်သလို မအောင်မြင်ခဲ့ရင်တော့ လာမယ့်နွေမှာ အလွတ်ဖြင့် ခေါ်နိုင်အောင် သေချာလေး စီစဉ်သွားပါမယ်။

ခံစစ်မှူးတစ်ဦး လိုအပ်နေတဲ့ homegrown နေရာလွတ်ရှိနေတဲ့ လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်အသင်းမှ ခံစစ်မှူး နေသန်ကောလင်းကို သဘောကျကြောင်း အသံထွက်နေပါတယ်။

ခံစစ်မှူးသစ် လီယိုနီဟာ နယူးကာဆယ်ပွဲ မတိုင်ခင်မှာ အသင်းနဲ့အတူ အနည်းဆုံး ၃ ကြိမ် အသင်းလိုက် လေ့ကျင့်ရေးဝင်ဖို့ အချိန်ရပါမယ်။

ဗန်ဒုတ်ရဲ့ ဘုန်းမောက်အသင်းထံ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့မှု အပြီးသတ်ပါက ဒီနွေမှာ လီဗာပူးအသင်းရဲ့ ကစားသမားရောင်းချမှုကနေ ပြန်ရတဲ့ ဝင်ငွေဟာ ပေါင် ၂၁၅ သန်းထိ ရှိလာမှာဖြစ်ပါတယ်။

ဘုန်းမောက်ပွဲအပြီး ခီယေဆာဟာ လီဗာပူးအသင်းဝန်ထမ်း ၂ ဦးကို ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ပါတယ်။ ၎င်းတို့က ပထမအသင်းဆရာဝန်နဲ့ အရိုးအကြောဆရာဝန်တွေပဲ ဖြစ်ပါတယ်။

နွေစျေးကွက်မှာ တောင်အမေရိက နည်းပြတွေ၊ ကစားသမားတွေကို ရှင်းထုတ်ထားပြီး လူစာရင်း အပြောင်းအလဲ အရမ်းများထားတာကြောင့် ဒီရာသီဟာ အသင်းအတွက် စိန်ခေါ်မှုကြီးဖြစ်လာမယ်လို့ အယ်လီဆန်က ပြောပါတယ်။

အီဆက်ကိစ္စကြောင့် လာမယ့်အပတ် လီဗာပူးနဲ့ နယူးကာဆယ်တို့ရဲ့ အမှတ်ပေးပွဲဟာ ပွဲကြမ်းတစ်ပွဲဖြစ်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

အင်္ဂါနေ့ စိန့်ဂျိမ်းပက်ခ်ပွဲမှာ ပြင်းထန်အားကောင်းမယ့် ကြိုဆိုမှုကို ရင်ဆိုင်ရေး အသင့်ပြင်ထားဖို့ နယူးကာဆယ်တိုက်စစ်သမား ဂေါ်ဒန်က လီဗာပူးအသင်းကို သတိပေးပါတယ်။

ဒီနွေမှာ ဘယ်အစွန်လူ ကိုစတက်ကို ကနဦး အငှားဖြင့် ပြောင်းရွှေ့ခွင့်ပေးပြီး ရာသီကုန်မှ အပြီးသတ်ခေါ်ခွင့်ပြုဖို့ကို လီဗာပူးဘက်က လိုက်လျောဖွယ်ရှိနေပါတယ်။