

PFA အကောင်းဆုံးဆုပေးပွဲကို မတက်ရောက်ခဲ့တဲ့ အီဆက်ကတော့ နယူးကာဆယ်အသင်း သူ့ကို ပေးထားတဲ့ ကတိကို ဖောက်ဖျက်ကြောင်းနဲ့ သူတို့ ဆက်လက် လက်တွဲဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်ပြောပါတယ်။
နယူးကာဆယ်ယူနိုက်တက်ဘက်က မှန်ကန်တဲ့ ကမ်းလှမ်းမှုမျိုး ရမယ်ဆိုရင် အီဆက်ကို ရောင်းချပေးမယ်လို့ ဆိုပါတယ်။ ၎င်းတို့ကတော့ အီဆက်အတွက် ပေါင် သန်း ၁၅၀ ထိ ရလိုပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်အတွက် အီဆက် တစ်ဦးတည်းကိုပဲ စိတ်ဝင်စားနေခြင်းဖြစ်ကာ ပလန်ဘီ ရှာထားခြင်း မရှိပါဘူး။
၂၀၂၅ ရဲ့ PFA အကောင်းဆုံးကစားသမားဆုကို မိုဆာလာက သူ့ရဲ့ ကစားသမားဘဝ ၃ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီအပတ်မှာပဲ ဂူဟီအတွက် စကားပြောမှု ပြုလုပ်နေပြီဖြစ်ကာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ထပ်တိုးကြေး ပေါင် ၁၀ သန်းပါမယ့် ကမ်းလှမ်းမှုအတွက် ညိနှိုင်းနေပါတယ်။
လိုက်ဇစ်အသင်းဟာ ဇာဗီဆိုင်မွန်ကို ရောင်းချခဲ့ပါက ပြန်ပြီးအစားထိုးဖို့အတွက် လီဗာပူးတိုက်စစ်သမား ဟာဗေးကို စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
ဒီနွေမှာ ပရီးမီးယားလိဂ်နဲ့ အခြားသော ကလပ်တွေထံက ကမ်းလှမ်းမှု မရခဲ့ဘူးဆိုရင် ကိုစတက်ဟာ အသင်းဟောင်း အိုလံပီယာကိုစ့်အသင်းထံ အငှားပြန်သွားနိုင်ချေ ရှိနေပါတယ်။
တိုက်စစ်မှူးဂျေဒန်ဒန့်စ့်ဟာ လူငယ်အသင်းမှာ ဂိုးစသွင်းနေပြီဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ တိုက်စစ်မှူးဟာ ဒီရာသီ အသင်းမှာပဲ ဆက်နေဖွယ်ရှိနေပြီး အငှားထွက်ဖွယ် မရှိသေးပါဘူး။
လူငယ်ကစားသမားတွေဖြစ်တဲ့ မက်ကော်နယ်၊ ကိတ်ဂေါ်ဒန်နဲ့ လူးဝစ်ကူးမက်စ်တို့ဟာ မကြာခင်မှာ အငှားထွက်ကစားကြဖွယ် ရှိနေပါတယ်။