အီဆက်ကိစ္စ ပြတ်သားတဲ့အဖြေထွက်တော့မယ်ဆိုတဲ့ အတ်ဒီဟောင်၊ ထွက်မလား နေမလား ရွေးချယ်ရမယ့် ဂူဟီနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ခံစစ်မှူး လီယိုနီကို ခပ်မြန်မြန် ပွဲထုတ်တာမျိုး ဖြစ်လာဖို့ မရှိပါဘူး။ အသက် ၁၈ နှစ်အရွယ် အီတလီခံစစ်မှူးကို အင်္ဂလန်လိဂ်ရဲ့ ပြင်းထန်မှုမှာ အသားကျဖို့ရာ အချိန်တစ်ခုပေးသွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ အသင်းသား ၂၆ ဦး ပါဝင်ခဲ့ပြီး အဲ့ထဲက ဘရတ်ဒလေကတော့ တစ်ဦးချင်း သီးသန့်မှုကို ခွဲလုပ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်စီးတီးနဲ့အပြိုင် ဖလူမီးနက်စ်အသင်းမှ ၁၈ နှစ်အရွယ် ကွင်းလယ်လူ ဆေးဗားကို ပေါင် ၆ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အတ်ဒီဟောင်ကတော့ အီဆက်ရဲ့ အခြေအနေက မကြာခင် ပြတ်သားတဲ့ အဖြေတစ်ခုခု ထွက်ပေါ်လာတော့မယ်လို့ ယုံကြည်နေပါတယ်။

တိုက်စစ်သမား ရိုဒရီဂိုရဲ့ အေးဂျင့်ဖြစ်သူ အန်ဖီးကို ရောက်လာခဲ့တယ်လို့ သတင်းထွက်နေပေမယ့် လီဗာပူးအသင်းဟာ ဘရာဇီးသားကို ခေါ်ယူဖို့ စိတ်အားထက်သန်တဲ့ သတင်းတော့ မကြားရပါဘူး။

ပဲလေစ့်ကတော့ ဂူဟီကို စာချုပ်သစ်မှာ လက်မှတ်ထိုးမလား ဒီနွေစျေးကွက် မပိတ်ခင် ထွက်သွားမလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုထဲက ၁ ခုကို လုပ်ခိုင်းတော့မှာပါ။

လီဗာပူးအသင်းဟာ ပဲလေစ့်အသင်းမှ ကွင်းလယ်လူ ဝါတန်ကို သဘောကျမှုရှိထားပြီး ကွင်းလယ်ကို အားဖြည့်ဖို့ ကြိုးစားမယ်ဆိုရင် ဦးစားပေးပစ်မှတ်အဖြစ် ရွေးချယ်ထားပါတယ်။

လာမယ့် နိုင်ငံတကာသီတင်းပတ်အတွက် မြောက်အိုက်ယာလန်အသင်းက ဘရတ်ဒလေကို လက်ရွေးစင်အသင်းမှာ ပူးပေါင်းဖို့ ရွေးချယ်ထားပါတယ်။

လူးဝစ် ကူးမက်စ်ဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းထံ တစ်ရာသီ အငှားထွက်ကစားဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။