

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်အစွန်နေရာအတွက် သူတို့အသင်း ပစ်မှတ် စာရင်းထဲမှာ အန်ဒီ ရော်ဘတ်ဆန်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ မက်ဒရစ်ဟာ အဖွန်ဆို ဒေးဗစ်ကို အဓိက လိုချင်ပေမယ့်လို့ ရော်ဘတ်ဆန်ကိုလည်း သဘောကျနေတာပါ။
ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ဆက်နေရေး စာချုပ်သစ် ချုပ်ဆိုဖို့ထက် လီဗာပူးကို ပြောင်းလာဖို့က ပိုပြီး ဖြစ်နိုင်ချေ များလာပါတယ်။
ဂျာမာန် ဒါရိုက်တာ ဂျော့ရှမတ်ကီဟာ ဒီအပတ်ထဲမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ဆိုင်ရာ အတိုင်ပင်ခံ ရာထူးကို ရယူသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၃ လဖြစ်ကာ ဘွန်ဒက်လီဂါ စျေးကွက်မှာ ကစားသမား ရှာဖွေရေးကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာပွဲမှာ ဂက်ပိုရဲ့ သွင်းဂိုး ခွင့်မပြုခြင်းနဲ့ တိုင်ရွန်းမင်းရဲ့ ဖျက်ထုတ်မှု ကြမ်းတမ်းခြင်းအတွက် လီဗာပူးဘက်က ကွန်ပလိန်းတက်မှုကို ပရော်ဖက်ရှင်နယ် ပွဲနေ့ ဒိုင်အဖွဲ့က လက်မခံပါဘူး။
ခြေချောင်း ဒဏ်ရာရထားတဲ့ ဒါဝင်နူညက်ဟာ အက်ဆာလေ့ကျင့်ရေးမှာ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြန်ဝင်နေပြီ ဖြစ်ပါတယ်။ ဆောက်သမ်တန်ပွဲ မတိုင်ခင် အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်လာမယ် မျှော်လင့်ထားရပါတယ်။
ထရန့်ကို လက်ရွေးစင် အသင်းကြီးအတွက် နည်းပြဆောက်ဂိတ်က ပြန်ရွေးနိုင်ပေမယ့် ဂျုံးနဲ့ ဟာဗေး တို့ကတော့ အင်္ဂလန် ယူ-၂၁ အသင်းအတွက်ပဲ ရွေးချယ်ခံရဦးမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မာတစ်နဲ့ နက်ဖီးလစ်တို့ကို ရောင်းထုတ်နိုင်ရင် ခံစစ်မှူးသစ် ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးရဲ့ ခံစစ်မှူးအတွက် စောင့်ကြည့် စာရင်းမှာ အေဂျက်မှ တင်ဘာ၊ ဝက်စ်ဟမ်းမှ အေဂက်နဲ့ ချယ်ဆီးမှ လီဗီ ကိုးဝဲလ်တို့ကိုလည်း သဘောကျနေပါတယ်။
လီဂူးဝမ်းကလပ် Nice အသင်းမှ တူဟမ်နဲ့ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှ နူးနက်တို့အပေါ် လီဗာပူးရဲ့ စိတ်ဝင်စားမှုက အခုချိန်မှာတော့ သွေးအေးနေဆဲလို့ သိရပါတယ်။
ဒီရာသီအတွက် အကြိုက်ဆုံးပွဲအဖြစ် လီဗာပူး ၇-၀ မန်ယူနိုက်တက် ပွဲကို ကာရေဂါက ရွေးချယ်သွားခဲ့ပါတယ်။ အကောင်းဆုံး ခြေစွမ်း မဟုတ်တာတောင် လီဗာပူးက ဒီလောက်ထိ ဂိုးပြတ်သွားတာ အံ့ဩစရာလို့ ကာရေဂါက မှတ်ချက်ပေးပါတယ်။