မနက်က မန်ချက်စတာ ယူနိုက်တက် ၄-၁ ချယ်ဆီး ရလဒ်ထွက်ခဲ့တာကြောင့် ပွဲစဉ် ၃၈ မတိုင်ခင် နောက်ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ကြောင်း သေချာခဲ့ပါတယ်။
လီဗာပူးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် အောင်မြင်အောင် မကြိုးစားပေးနိုင်ခြင်းအတွက် ပရိသတ်တွေကို ဆာလာက လူမှုကွန်ယက်ကနေ တောင်းပန်သွားခဲ့ပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရဘဲ ယူရိုပါလိဂ်မှာပဲ ကစားရမှာ ဖြစ်တာမို့ လီဗာပူးအသင်းက ဆုကြေး ပေါင် သန်း ၅၀ လောက် နစ်နာသွားမှာ ဖြစ်ပါတယ်။
အင်္ဂလန် ယူ-၂၀ အသင်းက ဥရုဂွေး ယူ-၂၀ အသင်းကို ၃-၂ ဖြင့် အနိုင်ယူပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ လီဗာပူး ကြယ်ပွင့် ကွမ်းဆက်ဟာ ဒီပွဲမှာလည်း မိနစ် ၉၀ အပြည့် ပါဝင်ကစားသွားပါတယ်။
လီဗာပူးအသင်း ချန်ပီယံလိဂ် မဝင်လို့ မန်ယူနိုက်တက် ပရိသတ်တွေ ပျော်ရွှင်နေကြမှာပါလို့ ဘရူနို ဖာနန်ဒက်စ်က ပြောဆိုပါတယ်။
လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာကို စိတ်ဝင်စားနေသလို တန်းဆင်းသွားတဲ့ ကလပ်က ကြယ်ပွင့်လေးကို ရောင်းချသွားမှာ ဖြစ်ပေမယ့် ပေါင် သန်း ၄၀ ထက် နည်းတဲ့ ပမာဏနဲ့ ပေးထွက်မှာ မဟုတ်ကြောင်း The Times က ဖော်ပြပါတယ်။
အန်ဖီးကွင်းက မြက်ခင်းပြင်ကို ပြုစုရတဲ့ ဝန်ထမ်းတွေဟာ ဂျိမ်းမီလ်နာအတွက် ပင်နယ်တီ စပေါ့က မြက်ခင်းကို ဖြတ်တောက်ပြီး လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။
ဘရိုက်တန်ဟာ ဘောလုံးရာသီ နောက်ဆုံး ပွဲစဉ် အပြီးမှာ မက်အယ်လစ္စတာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ သတင်းထောက်တွေက ဖော်ပြလာပါတယ်။
လာမယ့်ရာသီ ယူရိုပါလိဂ်ဖလား ဖိုင်နယ်ထိ သွားနိုင်မယ်ဆိုရင် လီဗာပူးအသင်းဟာ ဆုကြေး ပေါင် သန်း ၆၀ ထိ ရနိုင်ဆဲပါ။ ဒါဟာ ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့ ပမာဏလောက်ထိ ရှိမယ့် ဆုကြေးဖြစ်ပါတယ်။
စပို့တင်းဟာ အန်နာဆီယိုအတွက် ယူရို သန်း ၃၀ တန် ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ လီဗာပူးက စိတ်ဝင်စားတဲ့ ခံစစ်မှူးကို ဒီနွေမှာ ခေါ်ယူလိုရင် စာချုပ်ပါကြေး ယူရို ၄၅ သန်း ပေးရပါမယ်။
လီဗာပူးအသင်းက ဘိုင်ယန်ခံစစ်သမား ပါဗက်ကို ခေါ်ယူနိုင်မလား အခြေအနေအတွက် စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း မာဆေးဆို်ဒ် သတင်းဌာနက ဖော်ပြပါတယ်။