ညာခြမ်း နေရာအတွက် မျှော်လင့်စရာ ကစားသမားဖြစ်လာတဲ့ ဘရတ်ဒလေ

ဒီရာသီဟာ လူငယ်ကြယ်ပွင့်လေး ဘရတ်ဒလေအတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပြီး ဘော်တန်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ညာခြမ်း တောင်ပံ-အစွန် ကစားသမားဟာ လိဂ်ဝမ်းကလပ်မှာ ပြိုင်ပွဲစုံ ၅၃ ပွဲထိ ကစားခွင့်ရခဲ့ကာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူး ယူ-၂၁ အသင်း ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ Papa John ပြိုင်ပွဲမှာ ဘော်တန်နဲ့အတူ ဆုဖလား အောင်မြင်မှုပါ ရရှိခဲ့ပါတယ်။

ဘရတ်ဒလေဟာ ရာသီကြိုမှာတော့ မာဆေးဆိုဒ်ကို ပြန်ရောက်လာပြီး ယာဂင်ကလော့ပ်နဲ့ နည်းပြအဖွဲ့ရှေ့ ခြေစွမ်း စမ်းသပ်ခံရမှာ ဖြစ်ပါတယ်။ ပုံမှန် ပွဲကစားခွင့်အတွက် အတွေ့အကြုံ ရထားပြီဖြစ်တဲ့ ဘရန်ဒလေဟာ လာမယ့်ရာသီ လီဗာပူးအသင်းမှာ နေရာရဖို့ အခွင့်အရေးလည်း ရှိထားပါတယ်။

အချက်အလက်အရဆိုရင် ဒီရာသီ ဘောလုံးကမ္ဘာမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲချိန် အများဆုံး ကစားထားတဲ့ ဆယ်ကျော်သက်အဖြစ်လည်း ဘရတ်ဒလေက မှတ်တမ်းဝင်ပါတယ်။ သူဟာ ဒီရာသီ ပွဲမိနစ်ပေါင်း ၄၇၂၃ ထိ ရထားတာဖြစ်ပါတယ်။

လီဗာပူးအသင်း သဘောကျထားခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်တောင်မှ ဒီရာသီမှာ ပွဲမိနစ် ၄၃၂၃ မိနစ်ပဲ ကစားထားတာ ဖြစ်ပါတယ်။

လီဗာပူး လူငယ်အသင်းမှာတုန်းက ညာအစွန်နေရာ ကစားခဲ့တဲ့ ဘရတ်ဒလေဟာ ဘော်တန်မှာတော့ ညာခြမ်း ကွင်းလယ်လူ နေရာကနေ တောက်ပလာနေတယ်။ ယာဂင်ကလော့ပ်ရဲ့ စနစ်သစ်မှာဆိုရင် ဟန်ဒါဆန် ကစားနေတဲ့ ညာခြမ်း နေရာမျိုး ဖြစ်ပါတယ်။

ရာသီကြိုမှာတော့ ဘရတ်ဒလေ၊ ရမ်ဆေးနဲ့ ကွမ်းဆက်တို့ဟာ နည်းပြအဖွဲ့ရှေ့မှာ ခြေစွမ်း စမ်းသပ်ခံရမှာပါ။ ညာခြမ်းကွင်းလယ်၊ ညာအစွန်လူနဲ့ ညာခြမ်း ဗဟိုခံစစ်မှူး နေရာတွေမှာ ကစားနေတဲ့ သူတို့ ၃ ဦးဟာ ရာသီကြို တစ်ခုလုံး ပူးပေါင်းခွင့်ရမယ် သတင်းကြီးလာနေတာ ဖြစ်ပါတယ်။