မောင့်ကို ခေါ်ယူဖွယ် မရှိခြင်း၊ ဘွန်ဒက်လီဂါ ကစားသမားတွေကို ချိန်နေခြင်း၊ မဲဝုဒ်ကို ပြန်ဝယ်ဖို့ အောင်မြင်ဖွယ် ရှိလာခြင်းနဲ့ လီဗာပူး သတင်းတိုများ

ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူနိုင်ခဲ့ပြီလို့ တယ်လီဂရပ်က ဖော်ပြနေပါတယ်။ အခုချိန်ထိ လီဗာပူးဘက်က ကစားသမားအတွက် တရားဝင် ချိတ်ဆက်မှု လုပ်မလာသေးပါဘူး။

ချန်ပီယံရှစ်ကို တန်းဆင်းသွားတဲ့ လိစ်ဒ်ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စတီဗင်ဂျရတ်က ထိပ်ဆုံးက ရေပန်းစားလာပါတယ်။

အယ်လစ္စတာဟာ လီဗာပူးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ပြီးမြောက်ဖို့ ခြေတစ်လှမ်းစာပဲ လိုတော့ကြောင့် ရိုမန်နိုက ဖော်ပြလာပါတယ်။

၂၀၁၉ တုန်းက ရောင်းချခဲ့တဲ့ ကလပ်ရဲ့ ဂန္တဝင် လေ့ကျင့်ရေးကွင်း မဲဝုဒ်ကို ပြန်ဝယ်ဖို့ လီဗာပူးအသင်းဘက်က ကြိုးစားနေမှုဟာ မကြာခင် အောင်မြင်ပါတော့မယ်။ အဆိုပါကွင်းကို အမျိုးသမီး အသင်းအတွက် အသုံးပြုဖို့ စီစဉ်ထားပါတယ်။

နောက်ရာသီမှာ ဝတ်ဆင်မယ့် လီဗာပူးအသင်းရဲ့ အဝေးကွင်း ဂျာစီကို ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခု လူမှုကွန်ယက်ပေါ်မှာ ပေါ်ထွက်လာနေပါတယ်။

ဒီရာသီမှာ VAR ကြောင့် အကျိုးအမြတ် အရဆုံး အသင်း ၃ သင်းက ဘရန့်ဖိုဒ့်၊ ဖူလ်ဟမ်နဲ့ လီဗာပူးတို့ ဖြစ်တယ်လို့ ESPN က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ Nice အသင်းမှ တူဟမ်နဲ့ မိုချန်ဂလာဘတ်မှ မန်နူကူနေးတို့ကို စိတ်ဝင်စားကြောင်း သတင်းတွေကို ပြင်သစ်သတင်းဌာနတွေက ဆက်တိုက် ဖော်ပြလာနေကြပါပြီ။

အားကစားဒါရိုက်တာသစ် ဂျော့ရှမတ်ကီက ဝုဒ်ဘတ်အသင်းမှ ခံစစ်မျူး ဗန်ဒီဗန်ကို လီဗာပူးအသင်းထံ ခေါ်ယူပေးရေး စကားပြောဖွယ်ရှိပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

ယူရို ၂၀၂၄ အတွက် ပြင်သစ်အသင်းရဲ့ ခြေစစ်ပွဲ လူစာရင်းမှာ လီဗာပူးခံစစ်မှူး အီဘူး ပါဝင်သွားပါတယ်။

လီဗာပူးနဲ့ ဘာစီလိုနာတို့က အလိုရှိနေတာကြောင့် နယူးကာဆယ်ဟာ ကွင်းလယ်လူ ဂွီးမားရက်စ်ကို ဆက်ထိန်းနိုင်ရေး အားထုတ်နေပြီ ဖြစ်ပါတယ်။