

လီဗာပူးအသင်းဟာ ဒီအပတ် အင်္ဂါနေ့မှာပဲ အားကစားဒါရိုက်တာ အသစ်အဖြစ် ဂျာမာန်သားကြီး ဂျော့ရှမတ်ကီကို တရားဝင် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
သူ့ရဲ့ ဘဝတစ်ခုလုံး ဂျာမနီဘောလုံးလောကမှာပဲ အလုပ်လုပ်ခဲ့တဲ့ ရှမတ်ကီဟာ လီဗာပူးအသင်းနဲ့ နွေစျေးကွက် တစ်ခုစာ ၃ လအတွက်ပဲ စာချုပ်ချုပ်ခဲ့တာပါ။ အကယ်လို့ ဒီနွေမှာ ကိစ္စတွေ အကောင်းမြင်စရာရှိမယ်ဆိုရင် နောက်ထပ် သက်တမ်းတိုးဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ ဂျာမာန်စျေးကွက်ထဲ ထိုးဖောက်ဖို့ ရှမတ်ကီကို ခေါ်ယူခဲ့တာဖြစ်တယ်။ သူရောက်လာပြီး သီတင်းပတ် တစ်ခု မပြည့်ခင်မှာဘဲ လီဗာပူးအသင်းက ဘွန်ဒက်လီဂါ စျေးကွက်ထဲကို စတင် ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။
ရိုမန်နိုရဲ့ အဆိုအရ ဒီအပတ်မှာပဲ လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် မိုချန်ဂလတ်ဘတ်အသင်း ကွင်းလယ်လူ မန်နူကူနေးကို ခေါ်ယူရေးအတွက် စကားပြောတော့မှာ ဖြစ်ပါတယ်။ ပြင်သစ် ကွင်းလယ်လူကို ယူရို သန်း ၄၀ မကျော်တဲ့ ပမာဏနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ဂလတ်ဘက်ကလည်း ယူရို ၃၅-၄၀ သန်းကြား ပမာဏ တစ်ရပ်နဲ့ ကူနေးကို ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် အယ်လစ္စတာကို လက်မှတ်ထိုးမှု အပြီးသတ်ပြီးရင်တော့ ကူနေးအတွက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ရှမတ်ကီဟာ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဝုဒ်ဘတ်အသင်းမှ ခံစစ်မှူး ဗန်ဒီဗန်ကိုလည်း ယူရို သန်း ၄၀ မကျော်တဲ့ ပမာဏနဲ့ ခေါ်ယူပေးဖို့ စကားပြောသွားဖို့ ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။