

လီဗာပူးက ကာဗာရိုကို ဆက်ထိန်းလိုပေမယ့် သူလိုချင်တဲ့ ပုံမှန် ပွဲကစားခွင့်ကို မပေးနိုင်ပါဘူး။ လိုက်ဇစ်က ပုံမှန်ပွဲကစားခွင့်ပေးမယ့် အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူလိုနေတာဖြစ်ပြီး အငှားဖြင့် ထွက်ခွင့်မပေးရရင် ပြန်လည်ဝယ်ယူခွင့်ဆိုတဲ့ အချက်ကို ထည့်သွင်းဖို့ လီဗာပူးဘက်က အလိုရှိပါတယ်။
နာမည်ကျော် ကိုးရီးယား ကစားသမား ဟွမ်ဟီချန်က သူ့ရဲ့ ဘဝမှာ ရင်ဆိုင်ဖူးတဲ့ အခက်ခဲဆုံး ပြိုင်ဘက်က ဗန်ဒိုက်ဖြစ်ပြီး ဒဏ်ရာကြီးမရခင် ဗန်ဒိုက်ကို ရင်ဆိုင်ရတာဟာ သိပ်ကို သန်မာ၊ မြန်ဆန်လှတယ်လို့ မှတ်ချက်ပေးပါတယ်။
စပိန်သတင်းတွေမှာတော့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ့် မာနေးဟာ လီဗာပူးထံ ပြန်ရောက်သွားလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။ အခုချိန်ထိတော့ အသင်းက ဒီနွေမှာ တိုက်စစ်သမားသစ် ခေါ်ယူမယ် အသံမကြားရသေးပါဘူး။
လီဗာပူးကနေ ထွက်ခွာမှာဖြစ်တဲ့ ချိန်ဘာလိန်က အန်ဖီးကွင်း၊ ချန်ပီယံလိဂ်ညတွေနဲ့ အတူ အောင်မြင်ခဲ့တဲ့ ဆုဖလားတွေကို သတိရနေမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။
ဂိုးသမား ကလယ်ဟာက ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။ သူဟာ ပုံမှန်ပွဲကစားခွင့်အတွက် အသင်းပြောင်းလိုတာဖြစ်ကာ ဘယ်ကလပ်တွေက ညိနှိုင်းလာမလဲ စောင့်ဆိုင်းနေပါတယ်။
လီဗာပူးအသင်းဟာ လီဂူးဝမ်း ကွင်းလယ်လူ တူဟမ်ကို ခေါ်ယူရေး ရှေ့ဆုံးက ရေပန်းစားနေကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြပါတယ်။ တူဟမ်ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ထက် မပိုတဲ့ ပမာဏကို ပေးချေရပါမယ်။
ဘောလုံးရာသီ ပြီးဆုံးသွားပေမယ့် မိုဟာ Gym မှာ လေ့ကျင့်နေတာကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီး ကြံ့ခိုင်မှုအတွက် အာရုံစိုက်နေဆဲ ဖြစ်ပါတယ်။
ဖာဘင်ညို၊ မာတစ်နဲ့ ဂျိုတာတို့ဟာ သူတို့ရဲ့ နည်းပြပိုင်းဆိုင်ရာ ခြေလှမ်းအစတွေကို လီဗာပူး ဂန္တဝင်ကြီး ရော်ဘီဖောင်လာရဲ့ အကူအညီနဲ့ စတင်ထားနိုင်ပြီ ဖြစ်ပါတယ်။