စာချုပ်သစ်ရမှာ မဟုတ်တဲ့ သီယေဂို၊ homegrown ကစားသမား လိုအပ်နေခြင်း၊ ဗန်ဒန်ဘတ် အပြီးသတ် ပြောင်းဖွယ်ရှိခြင်းနဲ့ လီဗာပူး သတင်းတိုများ

F1 Spanish Grand Prix ပြိုင်ပွဲအတွက် ဘာစီလိုနာထံ ရောက်နေတဲ့ ထရန့်ကို မန်စီးတီးအသင်း ဒီရာသီ ဖလား ၃ လုံး အောင်မြင်နိုင်သလား မေးခဲ့ရာမှာ ညာအစွန်လူ သူတို့က ဘယ်ပြိုင်ပွဲမဆို ရေပန်းစားပါတယ်လို့ တုန့်ပြန်ပါတယ်။

The Anfield Road ပွဲကြည့်စင် တိုးချဲ့မှုမှာ အမိုးဟောင်း တစ်ခုလုံးကို လုံးဝ ဖြုတ်ချလိုက်ပြီဖြစ်တာမို့ ပွဲကြည့်စင် အသစ်နဲ့ အဟောင်းကြား ဆက်စပ်မှု အပိုင်းတွေကို စတင် လုပ်ဆောင်နေပါပြီ။

ဖာမင်နိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် လာလီဂါကလပ်ဟာ အခြားသော မတူညီတဲ့ တိုက်စစ်သမားတွေကိုလည်း ညိနှိုင်းမှု ပြုလုပ်နေပါတယ်။

ကစားသမား ရောင်းချမှု မရှိခဲ့ရင် လီဗာပူးအသင်းဟာ ဒီနွေမှာ non-homegrown ၁၇ နေရာအတွက် ကစားသမားသစ် ၃ ဦးပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသင်းဟာ homegrown ရှားပါးမှု ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။

တိုက်စစ်သမား ကာဗာရိုကို ဒီနွေမှာ အပြီးသတ် ရောင်းချဖွယ် မရှိပေမယ့်လို့ နောက်ရာသီမှာ သူဟာ အငှားထွက်ရဖွယ် ရှိပါတယ်။

မန်နူကူနေးရဲ့ အကယ်ဒမီ နည်းပြဟောင်းက ” သူ လီဗာပူးနဲ့ လက်မှတ်ထိုးရင် သိပ်ကောင်းမှာပါ။ ပဲရစ်အသင်းကို သူပထမဆုံး ခြေစွမ်း လာစမ်းသပ်ခံတုန်းကဆိုရင် သူ လီဗာပူးဂျာစီ ဝတ်လာတာကို ကျနော် မှတ်မိပါတယ်။ အဲ့တာ သူ့စိတ်ကြိုက် အသင်းပါ ” လို့ ပြောပြသွားပါတယ်။

ဒီနွေမှာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့အတူ ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ အန်ဖီးကို စွန့်ခွာသွားနိုင်ကြောင်း သိရပါတယ်။

လီဗာပူးဘက်က စိတ်ဝင်စားမှု ပြသဖူးတဲ့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါရဲ့ အနာဂတ်ဟာ လာလီဂါမှာပဲ ဆက်ရှိနိုင်တယ်လို့ စပိန်သတင်းတွေက​ ဖော်ပြပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်ဖို့ အယ်လစ္စတာရဲ့ ဖခင်ဖြစ်သူဟာ အင်္ဂလန်ကို ရောက်လာဖို့ရှိပြီး လာမယ့် ရက်ပိုင်းတွေအတွင်း သတင်းထူးနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ကလပ်နဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ သီယေဂိုကို စာချုပ်သစ် ပေးသွားတော့မှာ မဟုတ်ပါဘူး။