အန်ဖီးကို ကွင်းလယ်လူသစ်တွေ ရောက်လာဦးမည်၊ ဗီဂါနဲ့ ပြန်ပြီး အသံထွက်လာခြင်း၊ ကာဗာရိုအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားပြီးတဲ့နောက် မက်အယ်လစ္စတာဟာ လက်ရွေးစင် တာဝန်အတွက် အာဂျင်တီးနားကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆေးစစ်မှုကတော့ လာမယ့် ၄၈ နာရီအတွင်းလို့ သိထားရပါတယ်။

အယ်လစ္စတာကို ပေါင် သန်း ၆၀ ထက်နည်းတဲ့ ပြောင်းရွှေ့ကြေး ပေးရမယ်လို့ သတင်းထွက်နေပေမယ့် တကယ်တမ်းမှာ ပေါင် ၄၅ သန်း ဝန်းကျင်လို့ ရိုမန်နိုတို့ ရေးလာနေကြပါပြီ။

လိုက်ဇစ်အသင်းဟာ ကာဗာရိုအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုပေးဖို့ ပြင်ဆင်နေပြီဖြစ်ကာ ပထမအကြိမ် ပေးထားတဲ့ ပေါင် ၁၀ သန်းထက် ပိုများပါလိမ့်မယ်။

ယူနိုက်တက်ကို ပြောင်းဖို့ အားသန်နေတဲ့ မေဆန်မောင့်ကို လီဗာပူးဘက်က လုံးဝကြီး လက်လျော့လိုက်တာ မဟုတ်သေးကြောင်း Florian Plettenberg က ဆိုပါတယ်။

လီဗာပူးကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ တိုက်စစ်သမားတွေ အသင်းကို ပြောင်းလာရင် နေရာရဖို့ ခက်ခဲပေမယ့် ကွင်းလယ်လူတွေကတော့ ပုံမှန် ပွဲကစားခွင့်ကို ခပ်မြန်မြန် ကြိုးစားနိုင်မှာမို့ ကွင်းလယ်လူတွေအတွက် လီဗာပူးဟာ ဆွဲဆောင်နိုင်တဲ့ အသင်းဖြစ်နေကြောင်း ထောက်ပြပါတယ်။

သတင်းထောက် ရိုမန်နိုက လီဗာပူးအသင်းဟာ အယ်လစ္စတာကို ခေါ်ယူပြီးခဲ့ရင် နောက်ထပ်သော ကွင်းလယ်လူတွေကို ဆက်ခေါ်ပါဦးမယ်လို့ ပြောဆိုပါတယ်။

ယူရိုပါလိဂ်မှာတော့ လီဗာပူးအသင်းဟာ Pot 1 နေရာကို ရရှိသွားမှာ ဖြစ်ပါတယ်။

ဖရန့်ကက်ဆီကို ယူရို သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေပေမယ့် လီဗာပူးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူအတွက် ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။

ဘရိုက်တန်ဟာ ကိုင်ဆီဒိုအတွက် ပေါင် သန်း ၈၀ ထိ တောင်းဆိုမှာဖြစ်ပြီး လီဗာပူးအသင်းဟာ သူ့အတွက် အဲ့လောက်မြင့်တဲ့ ပြောင်းရွှေ့ကြေး မပေးလိုပါဘူး။

ဆယ်တာကွင်းလယ်လူ ဗီဂါကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဘက်က ချိတ်ဆက်မှု မလုပ်တဲ့နောက် လီဗာပူးကလည်း အသက် ၂၁ နှစ်အရွယ် စပိန်သားနဲ့ သတင်းတွေ ပြန်ထွက်လာနေပါတယ်။