စပါးမန်နေဂျာသစ်ဖြစ်လာတဲ့ လီဗာပူး အမာခံပရိသတ်ကြီး ပေါ့စတာဂိုကလို

တော်တင်ဟမ်တို့ မန်နေဂျာသစ်အဖြစ် တရားဝင် ကြေညာလိုက်တဲ့ ဩစတြေးလျသားကြီး ပေါ့စတာဂိုကလိုဟာ လီဗာပူးအသင်းနဲ့ ဇာတ်လမ်းတွေ ရှိထားသူပါ။

အသက် ၅၇ နှစ်အရွယ် နည်းပြကြီးဟာ ငယ်စဉ်တည်းက လီဗာပူးကို အားပေးတဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပါတယ်။ ငယ်ဘဝ အားပေးတဲ့ ကလပ်အကြောင်းကို ပြောပြတဲ့ ဇာတ်လမ်းမှာဆိုရင် ၎င်းက လီဗာပူးဆိုတဲ့ အမည်နာမကို သုံးစွဲချိန်မှာ ‘ကျနော်တို့’ လို့ ဖော်ညွှန်းခဲ့ပါတယ်။

ပေါ့စတာဂိုကလိုက “ ကျနော်ဘဝ တစ်ခုလုံးနီးပါး လီဗာပူးပရိသတ်ဖြစ်ခဲ့တာပါ။ ၁၉၇၁ ခုနှစ် အက်ဖ်အေဖလားမှာ အာဆင်နယ်ကို ကျနော်တို့အသင်း အရေးနိမ့်ခဲ့တယ်၊ သိပ်မမှတ်မိတော့ပေမယ့် အဲ့ပွဲပြီး သိပ်မကြာခင်မှာပဲ ကျနော်က လီဗာပူးကို စတင် အားပေးမိခဲ့တာပါပဲ။

ကီဗင်ကီးဂန်းနဲ့ ကင်နီ ဒဲလ်ဂလစ်တို့က ကျနော်ရဲ့ ဟီးရိုးတွေပေါ့။ ဘီရှန်ကလေ ရဲ့ ဇာတ်လမ်းတွေကိုလည်း ကျနော် ဖတ်မိခဲ့တယ်။ ဒီအသင်းရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်စားပြုနဲ့တကွ ကစားတဲ့ နည်းလမ်းတွေကို မြတ်နိုးမိလာပါတယ်။

လီဗာပူးအသင်းကို အားပေးရင်း ကြီးပြင်းလာက ဒီကနေ့လို မန်နေဂျာတစ်ယောက် ဖြစ်လာရတဲ့ အကြောင်းရင်းပါပဲ။ လီဗာပူးကြောင့်ပါ။ ဘီရှန်ကလေ၊ ဘော့ပီယာစလေနဲ့ အခြားသော လီဗာပူး ဟီရိုးတွေရဲ့ ဇာတ်လမ်းနဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ အဲ့ဒီ အတွေးအခေါ်တွေက ကျနော်နဲ့အတူ ရှိနေပါတယ်။

ကမ္ဘာတလွှားကို လွှမ်းမိုးမှုမဖြစ်စဉ်တည်းက လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အခြေပြုတဲ့ စနစ်နဲ့ ကစားပါတယ်။ ကျနော်အတွက်တော့ မန်ချက်စတာ ယူနိုက်တက်ကို ဖြုတ်ချရတာမျိုး၊ အဲ့လို အတွေ့အကြုံမျိုးက အိပ်မက်လိုပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။