

လီဗာပူးပရိသတ်တွေဟာ ဂီတနဲ့ ပတ်သက်လာရင် ဖန်တီးမှု ပါရမီ ထူးကဲလှသူတွေဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ လယ်ဗယ် တစ်ဆင့်ကို ရောက်ရှိသွားပါပြီ။
မာဆေးဆိုဒ်ကို အယ်လစ္စတာ ပြောင်းလာမယ့်ကိစ္စ သေချာသလောက် ရှိနေချိန်မှာ အသင်းပရိသတ်တွေဟာ နောက်ဆုံးပေါ် AI နည်းပညာ အကူအညီနဲ့အတူ အာဂျင်တီးနား ကွင်းလယ်လူအတွက် သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြပါတယ်။
လီဗာပူးပရိသတ် တစ်ဦးက ChatGPT ကတစ်ဆင့် ” ၉၀ ခုနှစ်က သံစဉ်နဲ့အတူ အယ်လစ္စတာအတွက် လီဗာပူးပရိသတ်တွေ သီဆိုလို့ကောင်းမယ့် သီချင်းတစ်ပုဒ် ဖန်တီးပေးပါ ဆိုပြီး ” တောင်းဆိုခဲ့ပါတယ်။
ChatGPT ကပဲ ၁၉၉၀ ခုနှစ်က စပိန်လိုရေးသားထားတဲ့ အီကွေဒေါ အကသီချင်း တစ်ပုဒ်ကို ဂျာမာန်ဒီဂျေသမား ပြုပြင်ဖန်တီးထားတဲ့ တီးလုံးနဲ့အတူ သီချင်းတစ်ပုဒ်ကို ဖန်တီးပေးခဲ့ပါတယ်။
သီချင်းစာသားကတော့…
Jurgen said I’ve seen ya, winning with Argentina,
I need a centre-mid too, and so he sent a bid through,
And now we’ve got Alexis, Alexis is majestic,
Mac Allister is magic, he’s Red and it’s fantastic
ဒီသီချင်းဟာ အစဉ်အလာ သံစဉ်တွေကို ဦးစားပေးလေ့ရှိတဲ့ အန်ဖီးကွင်းက The Kop ပွဲကြည့်စင်မှာ သီဆိုကြဖွယ် မရှိပါဘူး။ ဒါပေမယ့်လို့ အဝေးကွင်းပွဲတွေအတွင်း ဘားတွေမှာတော့ ဆိုလို့ကောင်းတဲ့ သီချင်းဖြစ်လာဖွယ် ရှိပါတယ်။
ဒါပေမယ့်လို့ လီဗာပူးပရိသတ်တွေရဲ့ ဖန်တီးမှုကို အမြဲ လိုက်တုတတ်တဲ့ အင်္ဂလန်က ပြိုင်ဘက်တွေကြောင့် မကြာခင်မှာ AI အကူအညီနဲ့အတူ သီချင်းစပ်ဖို့ ကြိုးစားမယ့် ပြိုင်ဘက် ပရိသတ်တွေ ထွက်ပေါ်လာဦးမှာ ဖြစ်ပါတယ်။