လီဗာပူး ကစားသမားဟောင်း ဒန်နီအင့် ပါဝင်တဲ့ ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ဗိုလ်စွဲခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ထံ တိုက်ရိုက် ပါဝင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။
မက်အယ်လစ္စတာကို အပြီးသတ် ခေါ်ယူနိုင်ကြောင်း အပြောင်းအရွှေ့ဆိုင်ရာ လက်မှတ်ထိုးမှုတွေဟာ အချို့သော ကိစ္စတွေကြောင့် နှောင့်နှေးခဲ့ကာ တရားဝင် ကြေညာမှုကို မကြာခင်မှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
အသက် ၃၀ အရွယ် ဂိုးသမား အယ်လီဆန်ဟာ ပေါင် ၅၇.၄ သန်းဆိုတဲ့ တန်ကြေးနဲ့အတူ ကမ္ဘာ့တတိယ စျေးအကြီးဆုံး ဂိုးသမားအဖြစ် စာရင်းဝင်နေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းအကြောင်း ဆွေးနွေးငြင်းခုံမှု အစီအစဉ်မှာ မန်စီးတီး ညာအစွန်လူ ဝေါ်ကာက ကုန်ခဲ့တဲ့ နှစ်တွေအတွင်း သူတို့အသင်းနဲ့ လီဗာပူးအသင်းဟာ အကျိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြပြီး လီဗာပူးအသင်းသားတွေ ချန်ပီယံလိဂ် ဆုတံဆိပ်ကို ရခဲ့ပေမယ့် သူတို့မှာတော့ မရှိပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပြင်သစ် ယူ-၂၁ ကွင်းလယ်လူ တူဟမ်ကို အလေးအနက် စိတ်ဝင်စားနေတာလို့ သတင်းထောက် Neil Jones က ဖော်ပြလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ စာချုပ် ၁ နှစ်ပဲ ကျန်တော့တဲ့ ညာအစွန်လူ ပါဗက်ကို ယူရို သန်း ၃၀-၄၀ သန်းကြားဖြင့် လက်လွတ်သွားမယ်လို့ သိရပါတယ်။
လီဗာပူးက ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်တာလို့ အံ့ဩဖွယ် သတင်းတွေ ထွက်နေပေမယ့် ဗြိတိန်နာမည်ကြီး သတင်းဌာန ဘီဘီစီကတော့ ပေါင် ၅၅ သန်းထိ ရောက်နိုင်မယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီအတွက် လီဗာပူးရဲ့ ယူရို သန်း ၆၀ ထက် ပိုများတဲ့ အပြောင်းအရွှေ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပါတယ်။
လီဗာပူးပရိသတ်တွေက ChatGPT ကို အသုံးပြုပြီး ဒီနွေ ပထမဆုံး ခေါ်ယူမှု ဖြစ်လာမယ့် မက်အယ်လစ္စတာအတွက် သီချင်းတစ်ပုဒ် ဖန်တီးပေးခဲ့ကြပါတယ်။