NEWS: ချူအာမီနီအတွက် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်မက်ဒရစ် ပယ်ချ

လီဗာပူးအသင်းဟာ မနှစ်တည်းက ကလပ်အလိုရှိဖူးတဲ့ ပြင်သစ်သား ကွင်းလယ်လူ ချူအာမီနီအတွက် ဒီအပတ်တွေအတွင်း ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ကပဲ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ထံ လီဗာပူးဘက်က ကမ်းလှမ်းမှု တစ်ခု ပေးပို့ခဲ့တာပါ။ ချူအာမီနီအတွက် လီဗာပူးပေးတဲ့ ကြေးက ယူရို သန်း ၆၀ ထက် ပိုခဲ့တယ်လို့ သိရပါတယ်။

မိုနာကိုကနေ မက်ဒရစ်ကို ပြောင်းခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေတဲ့ ချူအာမီနီကို လီဗာပူးအသင်း စိတ်ဝင်စားနေကြောင်း ကိစ္စတွေ ဖော်ပြခံနေဆဲပါ။ စပိန်ဘက်က သတင်းတွေအရတော့ မက်ဒရစ်ဟာ လီဗာပူးရဲ့ ချူအာမီနီအတွက် အားထုတ်မှုကို ပယ်ချခဲ့တယ်လို့ သိရတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ဒုတိယဆုရခဲ့တဲ့ ကွင်းလယ်လူဟာ မက်ဒရစ်ရဲ့ ကွင်းလယ်ကျောရိုး ဖြစ်လာနိုင်ပြီး အဓိကကျတဲ့ ကစားသမားဖြစ်လာမယ်လို့ ရီးရဲလ်ဘက်က ယုံကြည်နေပါတယ်။

အယ်လစ္စတာကို ခေါ်ယူပြီးရင် နောက်ထပ်သော ကွင်းလယ်လူကို ခပ်မြန်မြန် ချဉ်းကပ်မယ့် လီဗာပူးဟာ များစွာသော လူငယ်ကြယ်ပွင့်တွေကို စောင့်ကြည့်နေပြီး ချိတ်ဆက်မှုတွေလည်း ပြုလုပ်နေပါတယ်။ ကွင်းလယ်လူ ၄ ဦးထိ လက်လွတ်ထားရတဲ့ လီဗာပူးက အနည်းဆုံး ကွင်းလယ်လူသစ် ၂ ဦးကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

အယ်လစ္စတာအတွက် ပေါင် ၃၅ သန်းပဲ ကျသင့်ခဲ့မယ်ဆိုရင် နောက်ထပ် ခေါ်ယူမှုတွေအတွက် လီဗာပူးရဲ့ ငွေသုံးနိုင်စွမ်းဟာ အနည်းဆုံး ပေါင် သန်း ၁၀၀ ဝန်းကျင် ကျန်ရှိဦးမယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။