

လီဗာပူးအသင်းနဲ့ OGC Nice ကွင်းလယ်လူ တူဟမ်ကြားမှာ ပုဂ္ဂိုလ်ရေးပိုင်းအတွက် နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီလို့ ဖော်ပြခံနေရပါတယ်။
မက်အယ်လစ္စတာဟာ ဘိုင်ယန်၊ လက်စတာတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် အာရှခရီးစဉ်မှာ လီဗာပူးအတွက် ပွဲကစားပေးနိုင်မယ်လို့ သိရပါတယ်။
လက်စတာအသင်းဟာ ၎င်းတို့ကို ပရီးမီးယားလိဂ်ထံ ပြန်ပို့ပေးနိုင်မယ့် နည်းပြအဖြစ် စတီဗင်ဂျရတ်ကို မြင်နေပြီး အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။ လိဒ်စ်ယူနိုက်တက်ကလည်း ဂျရတ်ကို သဘောကျမှု ရှိနေပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၉ ခုနှစ်မှာ စွန့်လွတ်ခဲ့တဲ့ မဲဝုဒ်လေ့ကျင့်ရေးကွင်းကို ပြန်လည် ဝယ်ယူခဲ့ပြီဖြစ်ကာ အမျိုးသမီးအသင်းအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဗီဂါကို ခေါ်ယူဖို့ လီဗာပူးက အရေးသာလာနေကြောင်း သတင်းအပြင် ဆယ်တာဗီဂို ကွင်းလယ်လူကို ချယ်ဆီးကလည်း စိတ်ဝင်စားနေကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။
အယ်လစ္စတာကို ခေါ်ယူခြင်းဟာ လီဗာပူးရဲ့ နွေပလန်တွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး နောက်ထပ် ခေါ်ယူမှုတွေကို ဒီလ ၁၄ ရက်နေ့ နောက်ပိုင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူဖို့ လီဗာပူးအသင်း စိတ်မဝင်စားပါကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေက အမှားတွေပါလို့ပါ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ ပြင်သစ် ကြယ်ပွင့်တွေဖြစ်တဲ့ မန်နူကူနေး၊ တူဟမ်တို့ရဲ့ အေးဂျင့်တွေနဲ့ စကားပြောဆိုဖို့ ရက်ချိန် ယူထားခဲ့ပြီ ဖြစ်ပါတယ်။