

မနေ့ညနေ့ခင်းမှာပဲ လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ၃ ရာသီခွဲကြာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ချန်ပီယံအဖြစ် အောင်မြင်ခဲ့ပါတယ်။ လီဗာပူးက သူ့ကို ဒီနွေရဲ့ အဓိက ပစ်မှတ်အဖြစ် ဦးတည်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့အတွက် အဓိက တာဝန်ရှိသူဟာ ဂျူလီယန်ဝတ်ဖြစ်ပြီး ကလပ်ရဲ့ အားကစားဒါရိုက်တာအဖြစ် သူမထွက်ခင် နောက်ဆုံး လုပ်ဆောင်ပေးမှု ဖြစ်လာပါတယ်။
The Times သတင်းထောက် Paul Joyce ရဲ့ အဆိုအရ ဝတ်ဟာ အယ်လစ္စတာကို ခေါ်ယူရေးမှာ အဓိကကျသူ ဖြစ်ခဲ့ပါတယ်။ ဒီကရှေ့မှာတော့ လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို တာဝန်ယူမှာက ကလပ်ဘက်က ကာလတို ခန်အပ်ထားတဲ့ ဂျော့ရှမတ်ကီပဲ ဖြစ်ပါတယ်။
ဂျူလီယန်ဝတ်နဲ့အတူ အယ်လစ္စတာရဲ့ အပြောင်းအရွှေ့ အောင်မြင်ဖို့ ပါဝင် ကူညီခဲ့သူကတော့ Juan Manuel Gemelli ပဲ ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၃ တုန်းက ကော်တင်ညိုကို အင်တာမီလန်ကနေ ခေါ်ယူနိုင်ရေး ကူညီပေးခဲ့ဖူးသူ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ အေးဂျင့်တွေကြား ဆက်ဆံရေးကောင်း ရှိနေခြင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံကို လက်မှတ်ထိုးနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ Gemelli တာဝန်ယူပေးထားတဲ့ အယ်လစ္စတာဟာ ကော်တင်ညိုလို နံပါတ် ၁၀ ကို ရယူသွားမှာဖြစ်ပြီး အန်ဖီးမှာ ဘရာဇီးသားလို တောက်ပသူတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။