

ပြင်သစ်ကြယ်ပွင့်တွေဖြစ်တဲ့ မန်နူကူနေး၊ တူဟမ်၊ စပိန်လူငယ် ဗီဂါ အပါအဝင် လီဗာပူးအသင်းဟာ နောက်ထပ် ကွင်းလယ် ပစ်မှတ်အဖြစ် လူငယ်စတား ၆ ဦးလောက်ထဲက ရွေးထုတ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။
ခံစစ်မှူး ဗန်ဒန်ဘတ်ကို အပြီးသတ် ခေါ်ယူရေးအတွက် မိန်စ့်အသင်းဘက်က စိတ်ဝင်စားနေပါတယ်။ နယ်သာလန်သား ခံစစ်မှူးဟာ သူအငှားထွက်နေတဲ့ ရှော်ကေးမှာ ဆက်ကစားဖို့လည်း စိတ်ဝင်စားနေတာပါ။
လီဗာပူးအသင်းက မက်ကယ်လစ္စတာအတွက် အပိုကြေးမပါဘဲ တစ်ကြိမ်တမ်းသော ပြောင်းရွှေ့ကြေးကို ပေးချေရမှာဖြစ်ကာ ပေါင် ၅၅ သန်း မဟုတ်ဘဲ ပေါင် ၃၅ သန်းဖြစ်ဖို့ရှိတယ်လို့ သတင်းထောက် James Pearce ကပါ ဖော်ပြလာပါတယ်။
အာဆင်နယ်ဂန္တဝင်ကြီး ဗီအဲရာက သူ့ရဲ့ ဘဝမှာ အကောင်းဆုံး အားပေးမှု အသိုင်းအဝိုင်း ရှိတဲ့ ကလပ်အဖြစ် ရင်ဆိုင်ခဲ့ရတာက လီဗာပူးပဲဖြစ်သလို ကစားသမားတွေနဲ့ ပရိသတ်ကြား ပေါင်းစပ်မှုက ခိုင်မြဲလှတယ်လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ် တန်းတက် ဘန်လေအသင်း နည်းပြကွန်ပနီကတော့ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ အကောင်းဆုံး အချိန်ကဆိုရင် သူတို့နား ဘောလုံးဆုံးရှုံးလိုက်တာနဲ့ ဒီတိုက်စစ်သမားတွေရဲ့ တန်ပြန်တိုက်စစ် ကူးပြောင်းမှုဟာ ကြောက်မက်ဖွယ်ကောင်းလှတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
ဘော်ဘီကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ ဆော်ဒီနဲ့ မေဂျာလိဂ်ကလပ်တွေ အပြင် ဥရောပကလပ်တွေလည်း ပါဝင်နေဆဲဖြစ်ကာ အခုချိန်ထိ အနာဂတ်နဲ့ ပတ်သက်လို့ သေချာ မသိရသေးတာ ဖြစ်ပါတယ်။
အင်တာမီလန် ကွင်းလယ်လူ ချီယေဆာကို ခေါ်ယူလိုတဲ့ ကလပ်ထဲမှာ လီဗာပူးပါတယ်လို့ အသံထွက်နေဆဲဖြစ်ပြီး အခုချိန်ထိတော့ တရားဝင် လှုပ်ရှားမှုတွေ မမြင်ရသေးပါဘူး။
နာဘီကိတ်တာဟာ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်ကလပ်ထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
ကာဗာရို အပြောင်းအရွှေ့အတွက် လိုက်ဇစ်ဘက်က လက်မလျော့သေးသလို လီဗာပူးဘက်ကလည်း အပြီးသတ်ဖြင့် ထွက်ခွင့်ပေးဖို့ စိတ်ကူး မရှိပါဘူး။
အသင်းကနေ ထွက်ခွာတော့မယ့် ဂျူလီယန်ဝတ်ဟာ မက်ကယ်လစ္စတာ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ရေး လီဗာပူးမှာ သီတင်းပတ် အနည်းငယ် ပိုကြာကြာ ဆက်ရှိနေခဲ့တယ်လို့ သိရပါတယ်။