

နောက်ရာသီ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ဖို့ တန်းတက်လာပြီ ဖြစ်တဲ့ ဘန်လေအသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဗင်းဆင့် ကွန်ပနီက သူ မန်စီးတီး ကစားသမားဘဝမှာ ရင်ဆိုင်ဖူးတဲ့ထဲ လီဗာပူးအသင်းက အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ကြောင်း လတ်တလော အင်တာဗျူးမှာ ဖွင့်ဟလာပါတယ်။
ကွန်ပနီဟာ မန်စီးတီး အသင်းခေါင်းေ်ဆာင်ဟောင်းလည်း ဖြစ်ပြီး သူ ရင်ဆိုင်ဖူးတဲ့ လီဗာပူးအသင်းဟာ ဘယ်လောက်တောင် ပြိုင်ဘက်တွေကို မညှာတမ်း ချေမှုန်းတတ်တဲ့ အသင်းလဲ ဆိုတာပါ ပြောဆိုလာခဲ့တာပါ။
” ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းက ကျနော်တို့ ပက် လက်အောက်မှာ ရင်ဆိုင်ဖူးသမျှထဲ အကောင်းဆုံး အသင်းပါ။
မာနေး၊ ဆာလာနဲ့ ဖာမီနို တို့က သူတို့ အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့တယ်။ ကိုယ်ကသာ ဘောလုံး ဆုံးရှုံးလိုက်ရင် သူတို့က ကစားကွက် ပြောင်းပြီး ဘယ်လို ကြီးကြီးမားမား လုပ်ချသွားမလဲ ကြိုကို သိနေခဲ့တယ်။
သူတို့က အညှာအတာ မရှိတမ်းကို ပြိုင်ဘက်တွေ အပေါ် ချေမှုန်းတတ်တာပါ။ အဲဒီတုန်းက သူတို့ကလည်း မန်ချက်စတာ စီးတီး အသင်းလိုကို ကောင်းတာပါ။ ကျနော်တို့ (စီးတီး)ကတော့ နည်းနည်းလေး ပိုသာသွားတာပေါ့။ ” လို့ ပြောဆိုခဲ့ပါတယ်။
ကွန်ပနီဟာ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်တာ ကျင်လည်ခဲ့တာ ဖြစ်ပြီး အကောင်းဆုံး ကစားသမား ပြိုင်ဘက် များစွာ ကိုလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီကတော့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကြား ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ အသက်ဝင်ဆုံး ဖြစ်ခဲ့ပါတယ်။