ပြင်သစ်ခံစစ်မှူး ကိုနတေးနဲ့ နယ်သာလန် ခံစစ်မှူး ဗန်ဒိုက်တို့ဟာ လက်ရွေးစင် တာဝန်တွေအတွက် သက်ဆိုင်ရာ အသင်းတွေထံ သွားရောက် ပူးပေါင်းခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ ဂလတ်ဘတ် ကွင်းလယ်လူ မန်နူကူနေးနဲ့ Nice ကြယ်ပွင့် တူဟမ်တို့ကို ခေါ်ယူရေးအတွက် စကားပြောမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ဂလတ်ဘတ် ကွင်းလယ်လူအတွက် ပေါင် ၃၅ သန်းကျသင့်မှာဖြစ်ကာ တူဟမ်အတွက်တော့ အဲ့ထက် အနည်းငယ် ပိုများပါလိမ့်မယ်။
ဂျာမာန်ဘောလုံးဆိုင်ရာ သတင်းထောက် Florian Plettenberg ကတော့ လီဗာပူးက ဂလတ်ဘတ် ကွင်းလယ်လူ မန်နူကူနေးကို ခေါ်ယူဖွယ် မရှိဘူးလို့ ဆိုပါတယ်။
လီဗာပူးက ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ချိန်ဘာလိန်ဟာ အက်စတွန်ဗီလာ အသင်းထံ ရောက်ရှိသွားဖွယ် ရှိနေပါတယ်။
နည်းပြယာဂင်ကလော့ပ်က ဘာရယ်လာဟာ ကစားသမားကောင်းဖြစ်ပြီး နည်းစနစ်ပိုင်း အရကော၊ တိုက်ခိုက်လိုမှုပိုင်းမှာပါ သူ့ကို နှစ်သက်တယ်လို့ ပြောဆိုပါတယ်။
လက်စတာကနေ အလွတ်ဖြင့် ထွက်ခွာမယ့် ကွင်းလယ်လူ တိုင်လီမန်းစ်ဟာ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
ဘောလုံးရာသီအပြီး အနားယူနေတဲ့ ဆာလာဟာ သူ့ရဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ ခန္ဓာကိုယ်ကို အင်စတာဂရမ်ကနေ ဖော်ပြသွားပါတယ်။
ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ မာနေး ထွက်ခွာမှာဖြစ်ပေမယ့် လီဗာပူးက သူ့ကို ခေါ်ယူရေး ကြိုးစားမှာ မဟုတ်ပါဘူး။
ဘိုင်ယန်မြူးနစ် အစွန်လူ ပါဗက်ရဲ့ အေးဂျင့်က သူရဲ့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း လီဗာပူးအသင်းကို ဆက်သွယ်ထားတယ်လို့ သိရပါတယ်။