

ဂက်ပိုဟာ နယ်သာလန်အသင်းမှာ အထောင်တိုက်စစ်နေရာကို စတင် တာဝန်ယူ ကစားရမှာ ဖြစ်ပါတယ်။ ဒီပေး ဒဏ်ရာကြောင့် မပါနိုင်ခြင်းအတွက် ဂက်ပိုကို အထောင်မှာ ထားကစားဖို့ လက်ရွေးစင်ဘက်က ဆုံးဖြတ်လာခဲ့တာပါ။
၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်အပြီး လယ်လာနာနဲ့ စကားပြောခဲ့တာကြောင့် လီဗာပူးအသင်းဟာ အဲ့ပွဲမှာ မက်ဒရစ်ကို ကြောက်ရွံ့နေခဲ့တယ်လို့ သိခဲ့ရပါကြောင်း ဂါရတ်ဘေးလ်က ထုတ်ပြောခဲ့ပါတယ်။
ဗန်ဒိုက်က သူ့ကိုကော လီဗာပူးကိုပါ ဝေဖန်ကြတဲ့ ကိစ္စတွေဟာ အချို့အရာတွေမှာ မှန်ပေမယ့် အားလုံးကတော့ ဝေဖန်သူတွေဘက်က မမှန်ပါဘူးလို့ ပြောလာပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ရင်ဆိုင်ရတာဟာ ပြောသလောက် မလွယ်လှပါဘူးလို့ သူက ဆိုလာခဲ့တာပါ။
ချိန်ဘာလိန်ဟာ မကြာခင် ရက်တွေအတွင်း လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးပြီးချိန်မှာတော့ အက်စတွန်ဗီလာထံ ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။
နည်းပြ စတီဗင်ဂျရတ်ကို ချန်ပီယံရှစ်ကလပ်တွေဘက်က စိတ်ဝင်စားပေမယ့်လို့ သတင်းထူး မရှိသေးချိန် ဆော်ဒီကလပ် တစ်သင်းက သူတို့အသင်းအား ကိုင်တွယ်ပေးဖို့ ဂျရတ်ထံ ကမ်းလှမ်းမှု ပေးပို့ခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်အစွန်လူ ကိုစတက်ဟာ လာမယ့်ရာသီ လီဗာပူးမှာ ဆက်ရှိနေမှာဖြစ်ကာ အသင်းဘက်က သူ့ကို ရောင်းချသွားဖို့ အစီအစဉ် မရှိပါဘူး။
မက်ကယ်လစ္စတာဟာ လီဗာပူးမှာ အောင်မြင်မလား ယတိပြတ် မပြောနိုင်သေးကြောင်းနဲ့ ကလော့ပ်ဟာ ဝိုက်နယ်ဒမ်လို နေရာလွတ်တွေကို ဆက်တိုက် ပိတ်နိုင်တဲ့ ကစားသမားမျိုး လိုအပ်တယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ဆိုပါတယ်။
အတ်ဒရီယန်ကို သက်တမ်းတိုးဦးမယ့် လီဗာပူးဟာ ဂိုးသမားနေရာအတွက် အလျင်စလို ရှာဖွေဦးမှာ မဟုတ်ဘဲ ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦးကိုတော့ ခေါ်ယူ အားဖြည့်သွားဖို့ ရှိပါတယ်။
ဂက်ပို ရောက်လာခဲ့ခြင်းနဲ့အတူ လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်း အားဖြည့်တော့မှာ မဟုတ်ဘဲ လာမယ့်ရာသီမှာ ဗန်ဒုတ်ကိုလည်း နေရာပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ညာအစွန်လူသစ် ခေါ်ယူရေးကို လီဗာပူးအသင်းဘက်က အားတက်သရော ရှိမနေသလို ဘိုင်ယန်မြူးနစ်ကနေ ထွက်မယ့် ပါဗက်ကိုလည်း အရမ်းကြီး စိတ်ဝင်စားနေခြင်း မရှိပါဘူး။