ဘယ်ခြမ်း ဗဟိုခံစစ်မှူး နေရာအတွက် လီဗာပူးအသင်း စောင့်ကြည့်ထားတဲ့ ကစားသမား (၇) ဦး

ယာဂင်ကလော့ပ်ဟာ လက်ရှိ အသင်းမှာ အားနည်းနေတဲ့ နေရာဖြစ်တဲ့ ဘယ်ခြမ်း ခံစစ်မှူး နေရာအတွက် ဒီနွေမှာ သေချာပေါက် အားဖြည့်မယ်လို့ သိထားရပါတယ်။

ပုံမှန်အားဖြင့် ဘယ်ခြမ်းမှာ ရိုဘိုနဲ့ ဗန်ဒိုက်အတွဲ ကစားပေမယ့် ရိုဘိုဟာ အစွန်သမားဖြစ်ပြီး ခံစစ်ကြောင်းကနေ တိုက်စစ်ဖွင့်မှုမှာ အားနည်းတယ်လို့ နည်းပြအဖွဲ့က မြင်နေပါတယ်။ လက်ရှိ ရှာဖွေမယ့် ကစားသမားကတော့ ဗန်ဒိုက်၊ ကိုနတေးတို့နဲ့ တွဲဘက်မယ့် ဘယ်ခြေသန် ဘယ်ခြမ်း ခံစစ်မှူးဖြစ်ပါတယ်။

လာမယ့်ရာသီမှာ ရော်ဘတ်ဆန်ရဲ့ ပါဝင်နိုင်စွမ်းဟာ ကန့်သတ်ခံရမယ်လို့ သုံးသပ်ခံနေရပြီး ကလပ်ဟာ ခံစစ်မှူး (၇) ဦးကို အလေးအနက် စောင့်ကြည့်ခဲ့ကြောင်း သတင်းထွက်ထားပါတယ်။

  • လီဗီကိုးဝယ် – အသက် ၂၀ နှစ် (ချယ်ဆီး)
  • ဗန်ဒီဗန် – အသက် ၂၂ နှစ် (ဝုဒ်ဘတ်)
  • ဂါဗာဒီယို – အသက် ၂၁ နှစ် (လိုက်ဇစ်)
  • အန်နာဆီယို – အသက် ၂၁ နှစ် (စပို့တင်း)
  • နယက် အာဂတ် – အသက် ၂၇ နှစ် (ဝက်စ်ဟမ်း)
  • ဂျရတ် ဘရန့်ဝိတ် – အသက် ၂၀ နှစ် (အဲဗာတန်)
  • မက်ဂူဟီ – အသက် ၂၂ နှစ် (ပဲလေစ့်)

ဒီကစားသမားတွေထဲမှာ ကိုးဝယ်ကို ဘရိုက်တန်က အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေပြီး ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းထားပါပြီ။ ဒါပေမယ့် ချယ်ဆီးက ပေါင် သန်း ၄၀ ထိ တောင်းဆိုထားလို့ အပြောင်းအရွှေ့ မပြတ်သေးပါဘူး။

ဂါဗာဒီယိုအတွက် လိုက်ဇစ်က ခံစစ်မှူး တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး တောင်းဆိုထားပြီး အန်နာဆီယိုကိုတော့ ယူရို သန်း ၆၀ မပေးလိုတာနဲ့အတူ လီဗာပူးအသင်း နောက်ဆုတ်မယ်လို့ သိထားရတယ်။

ဗန်ဒီဗန်ဟာ လီဗာပူးကို ရောက်လာဖို့ အနီးစပ်ဆုံး ခံစစ်မှူးဖြစ်နေပြီး ကလော့ပ်နဲ့ အားကစားဒါရိုက်တာ ရှမတ်ကီတို့က နယ်သာလန်သားကို ခေါ်ယူရေး ဆွေးနွေးမှု ရှိထားတယ်လို့ သိရပါတယ်။