လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းဝင်ခွင့် ရုန်းကန်နေရစဉ်တည်းက နွေအပြောင်းအရွှေ့အတွက် စာရင်းရှည်ကြီး ၂ ခုကို ကြိုတင် စီစဉ်ထားခဲ့ပါတယ်။
တစ်ခုကတော့ ချန်ပီယံလိဂ်ဝင်ခဲ့ရင် ဆိုတဲ့ အနေအထားအတွက် တန်ကြေး ပိုမြင့်တဲ့ ကစားသမားများ စာရင်းဖြစ်ပြီး နောက်တစ်ခုကတော့ ချန်ပီယံလိဂ် ပြင်ပ ကလပ် တစ်ခုအတွက် ဘဏ္ဍာရေးပိုင်း ထိခိုက်မှုနည်းမယ့် စျေးချိုချို ကစားသမား စာရင်းပဲ ဖြစ်ပါတယ်။
ဘရိုက်တန်မှ မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်ခြင်းဟာ ပရိသတ်တွေကို များစွာ အံ့အားသင့်စေခဲ့ပါတယ်။ နောက်ထပ်သော လီဗာပူးရဲ့ ခေါ်ယူမှုတွေဟာလည်း ပေါင် သန်း ၅၀ မကျော်တဲ့ အပြောင်းအရွှေ့တွေ ဖြစ်လာဖို့ များနေပါတယ်။
လီဗာပူးဟာ ကနဦးမှာ ချယ်ဆီးမှ မေဆန်မောင့်ကို သဘောကျခဲ့ပေမယ့် လန်ဒန်ကလပ်က ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၆၀ အောက် ချပေးမှာ မဟုတ်တဲ့နောက် အနည်းငယ် နောက်ဆုတ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင် သန်း ၆၀ အထက် ပေးရမယ့် ဘာရယ်လာကိုလည်း ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။
ဆောက်သမ်တန်မှ ဘယ်ဂျီယံ ကွင်းလယ်လူ ရိုမီယို လာဗီယာနဲ့ ပတ်သက်လို့လည်း စျေးပြိုင် ကမ်းလှမ်းမှာ မဟုတ်ကြောင်း အသင်းရဲ့ ရပ်တည်မှုကို ပြသထားပါတယ်။ မနှစ်တုန်းက ချယ်ဆီးဟာ သူ့ကို ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ဖူးပြီး မန်စီးတီးအသင်းက အလိုရှိရင် ပေါင် သန်း ၄၀ ဖြင့် ပြန်လည် ခေါ်ယူခွင့် ရှိထားပါတယ်။
ဒီနောက်ပိုင်းမှာ သတင်းထောက်တွေက လီဗာပူးဟာ ဆယ်တာကွင်းလယ်လူ ဗီဂါရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြလာတယ်။ ကွင်းလယ်လူရဲ့ စာချုပ်မှာတော့ ပေါင် ၃၅ သန်း ပေးရင် ခေါ်ယူခွင့်ဆိုတဲ့ အချက် ပါဝင်ထားပါတယ်။
ကီဖရမ် တူဟမ်၊ ရိုမီယို လာဗီယာနဲ့ ဂါဘရီ ဗီဂါတို့ထဲက တစ်ဦးကို လီဗာပူးအသင်း ကမ်းလှမ်းမှု ပြုလုပ်မယ်လို့ သတင်းထောက်တွေက ဖော်ထုတ်လာနေပြီ ဗီဂါနဲ့ကတော့ သတင်းတွေ အတော်လေး စထွက်လာနေပြီ ဖြစ်ပါတယ်။